အကြော်တွေထဲမှာ တော်တော်များများက ပြောင်းဖူးကြော်ကို ပိုကြိုက်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့အောင် ပြောင်းဖူးကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

မိသားစုနည်းတယ်ဆိုရင်တော့ ပြောင်းဖူး – ၁ဖူးကို ဓားနဲ့ ပန်းကန်ထဲ လှီးထည့်ပါ။

ဂျုံမှုန့် – ခွက်တစ်ဝက်ကို ပန်းကန်ထဲထည့်ပါ။ ပြောင်းဂျုံ – ခွက်တစ်ဝက်စာ၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုလည်း ရောထည့်ပြီး မွှေပါ။ နှမ်းမဲရှိရင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး မွှေပေးပါ။

အစပ်အရသာပါတာမျိုးလေးစားချင်ရင် ငရုပ်ပွတစ်တောင့်ကို အထဲကအစေ့တွေဖယ်ထုတ်ပြီး အပြင်အသားကိုပဲ နုတ်နုတ်ဆင်းပြီး ထည့်မွှေပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်မြိတ် အနည်းငယ်ကိုလည်း ထည့်မွှေပါ။

ရေခဲရေကို ခွက်တစ်ခွက်ခွဲစာလောက် ထည့်ပြီး မွှေပေးပါ။

သေချာမွှေပြီးရင် ခုနကလှီးချထားတဲ့ ပြောင်းဖူးပန်းကန်ထဲထည့်ပြီး သမအောင်နယ်ပါ။

ဆီအိုးထဲကို ဆီတော့များများထည့်ပေးရပါမယ်။ ဆီမြုပ်မှ အကြော်ကကောင်းမှာပါ။ ဇွန်းမောက်မောက်လေးနဲ့ နယ်ထားတဲ့မုန့်နှစ်တွေကို တစ်ဇွန်းခပ်ပြီး ဆီအိုးထဲ ထည့်ထည့်ကြော်ပါ။

ကြော်ပြီးရင် ဆီသေချာစစ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ အချဉ်နဲ့တို့ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ ဒါဆိုရင်တော့ ကိုယ်တိုင်ကြော်ထားတဲ့ ထူးကဲတဲ့အရသာနဲ့ ပြောင်းဖူးကြော်ကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitchen.com