အိမ်မှာနေရင်းနဲ့ အပျင်းပြေလုပ်စားလို့ရအောင် ပြောင်းဖူးကို အရသာရှိရှိသုပ်စားနိုင်မယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။ အသုပ်တွေကြိုက်တဲ့သူတွေကတော့ လုံးဝကို လုပ်စားကြည့်သင့်တယ်နော်။

ပြောင်းဖူးတစ်ဖူးကိုပြုတ်ပြီး ရပြီဆိုရင် ဓားနဲ့လှီးကာ ပန်းကန်ထဲထည့်ပါ။

သခွားသီးကိုလည်း အလယ်အူတိုင်ဖယ်ပြီး လှီးထားပါ။

ခရမ်းချဉ်သီး အလုံးကြီးတစ်လုံးကိုလည်း လှီးထားပါ။ ကြက်ဥ တစ်လုံးပြုတ်ပြီး ကျက်ပြီဆိုရင် လှီးထားပါ။

ငရုပ်ဆုံထဲကို ငရုပ်သီးစိမ်းအကြီး – ၃ တောင့် ထည့်ထောင်းပါ။ ထန်းလျှက်တစ်လုံးကို လှီးပြီး ထည့်ထောင်းပါ။

ပဲသီးတစ်တောင့်ကိုလှီးပြီး ထည့်ထောင်းပါ။ ပုစွန်ခြောက်ကိုလည်း စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက် ထည့်ထောင်းပါ။

ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုရာသီး – ၁ လုံးကိုလည်း ညှစ်ထည့်ပြီး သမအောင် ထပ်ထောင်းပါမယ်။ လှီးထားတဲ့ ခရမ်းချဉ်သီးတွေကိုလည်း ငရုပ်ဆုံထဲထည့်ပြီး သမအောင်နယ်လိုက်ပါ။

လှီးထားတဲ့ ပြောင်းဖူးနဲ့ သခွားသီးကိုလည်း ငရုပ်ဆုံထဲပဲထည့်ပြီး သမအောင်နယ်လိုက်ပါ။ လှီးထားတဲ့ ကြက်ဥပြုတ်တွေကိုလည်း ထည့်ပြီးနယ်ပါ။ ကြက်ဥကတော့ ကိုယ်မကြိုက်ရင် မထည့်လည်း ရပါတယ်။

အားလုံးကိုသေချာသမအောင်နယ်ပြီးရင် အရသာမြည်းကြည့်ပြီး ကိုယ်အကြိုက်တွေ့ပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပြောင်းဖူးသုပ်ကို ရရှိသွားပါပြီ။

Source: www. pailin’skitchen