ပါဝင်ပစ္စည်းများ
- ငါးဖယ်ခြစ်
- ဆားသင့်ရုံ
- ခါကျက်ဥ
- ဘိုစားပဲ
- ကြက်သွန်ဖြူ အနည်းငယ် (သေးသေးစဉ်း)
- ကြက်သွန်နီ
- ခရမ်းချဉ်သီးမှည့်
- ဆီ
- မန်ကျည်းမှည့်ရည်
- နံနံပင်
ပြုလုပ်နည်း
1. ငါးဖယ်ခြစ်ပြီးသားများကို ဆားသင့်ရုံ၊ ခါကျက်ဥ၊ ဘိုစားပဲ၊ ကြက်သွန်ဖြူအနည်းငယ် (သေးသေးစဉ်း) ပြီး သေချာနယ်ပြီး ကြော်ထားပါ။
2. ကြက်သွန်နီ၊ ခရမ်းချဉ်သီးမှည့်မှည့်ကို ဆီသပ်ပြီး အိလာလျှင် ငါးဖယ်ထည့်၊ မန်ကျည်းမှည့်ရည်လေး ထည့်ပြီးတည်ထားပါ။ ဆီပြန်လာလျှင် အပေါ့ငံစိတ်ကြိုက်ပြင်ကာ နံနံပင်အုပ်ပြီး စားလို့ရပါပြီ။
Credit: Soe’s Cooking Collection