ပါဝင်ပစ္စည်းများ

  • ငါးဖယ်ခြစ်
  • ဆားသင့်ရုံ
  • ခါကျက်ဥ
  • ဘိုစားပဲ
  • ကြက်သွန်ဖြူ အနည်းငယ် (သေးသေးစဉ်း)

ငါးဖယ် မန်ကျည်းမှည့် ဆီပြန်

  • ကြက်သွန်နီ
  • ခရမ်းချဉ်သီးမှည့်
  • ဆီ
  • မန်ကျည်းမှည့်ရည်
  • နံနံပင်

ပြုလုပ်နည်း

1. ငါးဖယ်ခြစ်ပြီးသားများကို ဆားသင့်ရုံ၊ ခါကျက်ဥ၊ ဘိုစားပဲ၊ ကြက်သွန်ဖြူအနည်းငယ် (သေးသေးစဉ်း) ပြီး သေချာနယ်ပြီး ကြော်ထားပါ။

2. ကြက်သွန်နီ၊ ခရမ်းချဉ်သီးမှည့်မှည့်ကို ဆီသပ်ပြီး အိလာလျှင် ငါးဖယ်ထည့်၊ မန်ကျည်းမှည့်ရည်လေး ထည့်ပြီးတည်ထားပါ။ ဆီပြန်လာလျှင် အပေါ့ငံစိတ်ကြိုက်ပြင်ကာ နံနံပင်အုပ်ပြီး စားလို့ရပါပြီ။

Credit: Soe’s Cooking Collection