ရာသီဥတု အေးအေးလေးမှာ ရှူရှဲချဉ်စပ် ငါးတုတ်ယမ်းဟင်းလေး မျှဝေပေးပါရစေနော်။ Lay ကို တောင်းဆို ထားတဲ့ ပရိတ်သတ်များ အတွက်ပါ။
ပါဝင်ပစ္စည်းများ
- ကကတစ်ငါး – ၆၀သားခန့်တစ်ကောင်
- ကြက်ရိုး – ၁ကောင်
- ရေ – ၁လီတာ
- မှို – ၂၅ကျပ်သားခန့်.
- ခရမ်းချဉ်သီး – ၂လုံး
- စပါးလင် – ၃ချောင်း
- ပတဲကော – ၁ပင်
- ကြက်သွန်နီ – ၂ဥ
- ကြက်သွန်ဖြူ – ၄တက်ခန့်
- ငရုပ်သီးစိမ်း – ၁၀တောင့်ခန့်
- ငါးငံပြာရည် – ထမင်းစားဇွန်..၃ဇွန်း
- သံပုရာသီး – ၄လုံး
- သကြား – ထမင်းစားဇွန်း ၁ဇွန်း
- တုတ်ယမ်းအနှစ် – ထမင်းစားဇွန်း ၁ဇွန်း
- ဟင်းခတ်အရသာမှူန့် – ၁ဇွန်း
- နံနံပင် – ၂ပင်
- တောရှောက်ရွက် (ခေါ်) ရှောက်ဘီလူးရွက် – ၁၀ရွက်ခန့်
ပြုလုပ်နည်း
- ရေ ၁လီတာကို ဆူအောင်တည်ပြီး ကြက်ရိုး ထည့်ပြုတ်ပါ။ ဆား အနည်းငယ် ထည့်ပြုတ်ပါ။ နာရီဝက်ခန့် တည်ပြီး ကြက်ရိုးဆည် ထုတ်ကာ စွပ်ပြုတ်ရည် သီးသန့် ယူပြီး မီးဖိုပေါ် တည်ပါ။
- ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း ဓားပြားရိုက် ထည့်ပါ။ ကြက်သွန်နီ ၄စိတ် စိတ်ထည့်ပါ။ စပါးလင်နဲ့ ပတဲကော လှီးထည့်ပါ။
- ရေဆူပါက ငါးကို အရသာမှူန့်ဖြင့် နယ်ထားပြီး ထည့်ပါ။ အရသာ ငံပြာရည်နဲ့ သကြား ထည့်ပါ။ ခရမ်းချဉ်သီး ဖြတ်ထည့်ပါ။
- ငါးကျက်ခါနီးမှ မှိုထည့်ပါ။ ငါးကျက်ပါက မီးပိတ်၍ တုတ်ယမ်းအနှစ်နဲ့ သံပုရာရည် ညှစ်ထည့်ပါ။ တောရှောက်ရွက်နှင့် နံနံပင်၊ ရှမ်းနံနံတို့ ထည့်ကာ မီးပိတ် သုံးဆောင်နိုင်ပါပြီ။
Credit: Thida Lay Lay