ရာသီဥတု အေးအေးလေးမှာ ရှူရှဲချဉ်စပ် ငါးတုတ်ယမ်းဟင်းလေး မျှဝေပေးပါရစေနော်။ Lay ကို တောင်းဆို ထားတဲ့ ပရိတ်သတ်များ အတွက်ပါ။

ပါဝင်ပစ္စည်းများ

  • ကကတစ်ငါး – ၆၀သားခန့်တစ်ကောင်
  • ကြက်ရိုး – ၁ကောင်
  • ရေ – ၁လီတာ
  • မှို – ၂၅ကျပ်သားခန့်.
  • ခရမ်းချဉ်သီး – ၂လုံး
  • စပါးလင် – ၃ချောင်း
  • ပတဲကော – ၁ပင်
  • ကြက်သွန်နီ – ၂ဥ
  • ကြက်သွန်ဖြူ – ၄တက်ခန့်
  • ငရုပ်သီးစိမ်း – ၁၀တောင့်ခန့်
  • ငါးငံပြာရည် – ထမင်းစားဇွန်..၃ဇွန်း
  • သံပုရာသီး – ၄လုံး
  • သကြား – ထမင်းစားဇွန်း ၁ဇွန်း
  • တုတ်ယမ်းအနှစ် – ထမင်းစားဇွန်း ၁ဇွန်း
  • ဟင်းခတ်အရသာမှူန့် – ၁ဇွန်း
  • နံနံပင် – ၂ပင်
  • တောရှောက်ရွက် (ခေါ်) ရှောက်ဘီလူးရွက် – ၁၀ရွက်ခန့်

ပြုလုပ်နည်း

  1. ရေ ၁လီတာကို ဆူအောင်တည်ပြီး ကြက်ရိုး ထည့်ပြုတ်ပါ။ ဆား အနည်းငယ် ထည့်ပြုတ်ပါ။ နာရီဝက်ခန့် တည်ပြီး ကြက်ရိုးဆည် ထုတ်ကာ စွပ်ပြုတ်ရည် သီးသန့် ယူပြီး မီးဖိုပေါ် တည်ပါ။
  2. ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း ဓားပြားရိုက် ထည့်ပါ။ ကြက်သွန်နီ ၄စိတ် စိတ်ထည့်ပါ။ စပါးလင်နဲ့ ပတဲကော လှီးထည့်ပါ။
  3. ရေဆူပါက ငါးကို အရသာမှူန့်ဖြင့် နယ်ထားပြီး ထည့်ပါ။ အရသာ ငံပြာရည်နဲ့ သကြား ထည့်ပါ။ ခရမ်းချဉ်သီး ဖြတ်ထည့်ပါ။
  4. ငါးကျက်ခါနီးမှ မှိုထည့်ပါ။ ငါးကျက်ပါက မီးပိတ်၍ တုတ်ယမ်းအနှစ်နဲ့ သံပုရာရည် ညှစ်ထည့်ပါ။ တောရှောက်ရွက်နှင့် နံနံပင်၊ ရှမ်းနံနံတို့ ထည့်ကာ မီးပိတ် သုံးဆောင်နိုင်ပါပြီ။

Credit: Thida Lay Lay