ချောကလက်ကြိုက်တဲ့သူတွေနဲ့ Oreo ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ စားချင်စဖွယ်လေးနဲ့ အရသာရှိလွန်းတဲ့ Oreo Dessert Box ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Oreo ကွတ်ကီး – ၁၄ ခုကို အိတ်ထဲထည့်ပိတ်ပြီး ကျေညက်သွားအောင် ထုချေပေးပါ။

ကျေညက်အောင်ထုချေပြီးသွားရင် အိတ်ထဲကို ထောပတ်အရည် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သမအောင် အပြင်ဘက်ကနေပဲ အိတ်ကို ညှစ်ညှစ်ပြီး နယ်လိုက်ပါ။

သမသွားပြီဆိုရင် ကိုယ်လုပ်မယ့် Box ထဲကို ထည့်ပြီး သေချာလေးဖိချပေးပါ။

အိုးထဲကို နွားနို့ – ၄၀၀ မီလီလီတာထည့်ပြီး သကြား – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး ကြက်ဥခလောက်တဲ့ အတံလေးနဲ့ ခလောက်ပေးပါ။

ခလောက်ပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ မွှေနေပေးပါ။

ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် Oreo ထည့်ထားတဲ့ Box ထဲ လောင်းထည့်ပြီး အပြင်မှာပဲ အအေးခံထားလိုက်ပါ။

Dark Chocolate – ၂၀၀ ဂရမ်ကို ကျိုထားတဲ့နွားနို့အပူ – ခွက်တစ်ဝက်စာနဲ့ ရောမွှေပေးပါ။ Chocolate တွေ ပျော်သွားတဲ့အထိ သေချာမွှေပေးပါ။ မွှေပြီးရင်တော့ ခုနက Box ထဲကို လောင်းထည့်ပါမယ်။ သေချာညီအောင် ဇွန်းပြားလေးနဲ့ လိုက်ညှိုပေးပါ။

အပေါ်ကနေ Oreo အမှုန့်လေးတွေ ဖြူးပေးပြီး ချောကလက်သေးသေးလေးတွေ တင်ပေးပါ။ အေးသွားပြီဆိုရင် အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီကြာအောင် ထည့်ထားပေးပါ။

အချိန်ပြည့်လို့ ရေခဲသေတ္တာထဲကထုတ်တာနဲ့ စားသုံးလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိလွန်းတဲ့ Oreo Dessert Box ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: www.spicebites