ပါဝင်ပစ္စည်းများ
- ထမင်း
- ပုဇွန်ဟင်းအနှစ်များများ
- မကျီးရွက်
- သနပ်ရွက်ချဉ်ရည်
- ငပိရည်
- ပုဇွန်ဟင်း
- သခွားသီး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
ပြုလုပ်နည်း
- ဇလုံကြီးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ပုဇွန်ဟင်းအနှစ် များများရယ် ၊ မကျီးရွက် ၊ သနပ်ရွက် ချဉ်ရည်ရယ် ၊ငပိရည်နဲ့ သမအောင် နယ်ပါ။
- ထမင်းပေါ်က ပုဇွန်ဟင်းနဲ့ မကျီးရွက် ၊ သနပ်ရွက် အဖတ်လေးပုံ ၊ တို့စရာ သခွားသီး ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တင်ပြီး စားကြပါတယ်။
Credit: Ohnmar Kyi