အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူကြိုက်များပြီး နေရာတိုင်းလိုလိုမှာ ရရှိနိုင်တဲ့ ကော်ပြန့်ကြော် ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ကော်ပြန့်ကြော်အစာ လုပ်ရန်ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ပုစွန် (အနည်းငယ်)
  • မုန်လာဥနီ အနေတော်ဥ ၁ လုံး (ပါးပါးလှီးထားပါ)
  • ဂေါ်ဖီတစ်စိတ် (ပါးပါးလှီးထားပါ)
  • ပဲပင်ပေါက် အနည်းငယ်
  • ကြက်သွန်မြိတ် ၅ ခုခန့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မွှာ (ညက်အောင်ထောင်းပါ)
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပဲငံပြာရည်အနည်းငယ်
  • ဆီ၊ ဆား၊ သကြား အနည်းငယ်
  • ကော်ပြန့်ရွက် ၁၀ ချပ် ၁၂ ချပ်ခန့်

ပြုလုပ်နည်း

အရင်ဆုံး ဒယ်အိုးကို ဆီထည့်ပြီးမီအနေတော်နဲ့ အပူပေးပါ။ ကြက်သွန်ဖြူထည့်ပြီး မွှေးလာရင် စောစောက လှီးချွတ်ထားတဲ့ အစာတွေကို ထည့်ပြီးမွှေပေးလိုက်ပါ။ ပဲငံပြရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်ကို မိမိလိုအပ်သလောက် ချိန်ဆထည့်ပါ။

ရပြီဆိုရင် မီးဖိုပေါ်ကချပြီး ရေဆစ်ထားလိုက်ပါ။

 

ကော်ပြန့်လိပ်အရွက်ကို ချခင်းလိုက်ပါ။ ပြီးရင် အစာပလာတွေထည့်လိုက်ပြီး မိမိနှစ်သက်သလို လိပ်ပေးလိုက်ပါ။

ပြီးရင် ဆီပူပူထဲ ထည့်ကြော်ပေးလိုက်ပါ။ ဒယ်အိုးထဲ ဆီထည့် မီးအနေတော် ထားပါ။

By: MyFood Myanmar