တောင်ငူ မုန့်ဟင်းခါး ရေကျဲ အသုပ် နဲ့ ရေဖျော်ပါ။

  • ငါးခူ (သို့) ငါးကျီး
  • စပလင်
  • နနွင်း
  • ငံပြာရည်
  • ဆား
  • ကြက်သွန်ဖြူ ဘတ်လတ်ထောင်း
  • ကြက်သွန်နီ
  • ဂျင်းအနည်းငယ်
  • ကောက်ညှင်းဆန်လှော်
  • ဆီ
  • ခရမ်းချဉ်သီး
  • ပဲသီး
  • နံနံပင်
  • ငြုပ်သီးမှုန့်
  • ပဲကြော်
  • တောင်ငူမုန့်ဖတ်

ပြုလုပ်နည်း

  1. ငါးခူ (သို့) ငါးကျီး ကို စပလင်၊ နနွင်း၊ ငံပြာရည်၊ ဆား ထဲ့ ပြုတ်ပါတယ်။ ငါးကို အသားနွှင်၊ အရိုးကိုထောင်း ရေဖျော်၊ ဇကာနဲ့ စစ်ထားပါတယ် ။ ( အရည်မည်းတဲ့ အကြောင်းအရင်းပါ)
  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဘတ်လတ်ထောင်း၊ ဂျင်းအနည်းငယ် နဲ့ ဆီပါလေကာ နဲ့ ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီ ဥသေး ခွာပြီး ထဲ့ပါတယ် ။
  3. ဆန်လှော်ထောင်း ဟင်းရည် အရမ်း ပွက်ရင်လိုတဲ့ အရသာ အနည်းငယ် ထည့်ပါတယ်။ အရသာမြည်းပြီး ဟင်းရည်အိုး ရပါပြီ။
  4. မုန့်ဖတ်ထဲ့ ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ပဲသီး၊ နံနံပင်၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့်၊ ပဲကြော်ချေထဲ့၊ ကြက်သွန်ဖြူ ဆီချက်ထဲ့၊ အရသာထဲ့ ၊ ဟင်းရည် ထဲ့ပါတယ်။ တောင်ငူ မုန့်ဖတ်က အနည်းငယ် အလုံးတုတ်ပါတယ်။

တောင်ငူမုန့်တီသုပ် – မုန့်ဖတ်ထဲ့၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ပဲသီး၊ နံနံပင်၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့်၊ ပဲကြော်ချေထဲ့၊ ဟင်းရည်ကြည် အနယ်ငယ်ထဲ့၊ အရသာထဲ့၊ ကြက်သွန်ဖြူ ဆီချက်ထဲ့ စေးစေးလေး သုပ်ပါတယ်။ ကောက်ညှင်း ဆန်လှော်မှုန့် နှင့် ပဲကပ်ကြော်( တောင်ငူက မှာပါတယ်) (ချက်နည်း ကွဲပြားမှု့များ ရှိနိုင်ပါသည်။ တတ်သလောက် မှတ်သလောက်နဲ့ အိမ်က ပြောပြသလောက်ဖြင့် ချက်ပါတယ်။) ဟင်းရည်ထဲမှာ ကြိုက်တတ်လို့ အစုံထဲ့စားတာပါ။

Credit: Ericmoon‬