အစာပြေ လုပ်စားနိုင်ဖို့ ဆေးလက်ဖက် ကြက်ဥပြုတ်နှင့် ခရုဆီလေးပါ။ ဒီချက်နည်းလေးက တောင်ပိုင်းတရုတ်ပြည်နယ်က ချက်နည်းပါ။ အရင်ဆုံး ကြက်ဥကို အကျက်ပြုတ်ပြီးမှ အခွံကို ခြေပြီး လက်ဖက်ခြောက်၊ တရုတ်အမွှေးအကြိုင်တွေနဲ့ ရောပြုတ်ရတာပါ။ လက်ဖက်ရည်နံ့လေးနဲ့ အရသာက ခရုဆီကြောင့် ချိုစိမ့်စိမ့်လေးပါ။ အပူ၊ အအေး နှစ်မျိုးလုံး စားလို့ကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့၊ ခုပဲ လုပ်ကြည့်ရအောင်…

Reparation time: 15 mins၊ Cooking time: 1hr

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၈-၁၀လုံး

Lipton tea လက်ဖက်ခြောက်ထုပ် – ၂ထုပ် (သို့) လက်ဖက်ရည်ခြောက်အမဲ – စားပွဲတင်ဇွန်း ၂ဇွန်း

Five-spices powder – စားပွဲတင်ဇွန်း တ၀က် (တရုတ်ဟင်းခတ် အမွှေးအကြိုင် City Martတွင် ၀ယ်ယူနိုင်သည်)

ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

ဂျင်း – ၃ပြား

နတ်နတ်ပွင့် – ၂ခု

ကြက်သွန်မြိတ် – စည်းဝက် (ချည်ထားပါ)

ပြုလုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ကြက်ဥများ ထည့်ပြီး ကျက်သည်အထိ ၅-၈မိနစ်ခန့် တည်ထားပေးပါ။

၂။ ကြက်ဥများ ကျက်သွားလျှင် ခေတ္တအအေးခံပြီး ပုံတွင် ပါသည့်အတိုင်း ဇွန်းဖြင့် ခေါက်ကာ ကြက်ဥခွံများကို ခြေပေးပါ။

၃။ ထို့နည်းအတိုင်း ကျန်ကြက်ဥခွံများကို ခြေပေးပါ။ ပြီးလျှင် ဒယ်အိုးထဲ (ကြက်ဥ၊ Lipton tea၊ တရုတ်ဟင်းခတ်၊ ပဲငံပြာရည်၊ သကြား၊ ဆား၊ ဂျင်း၊ နတ်နတ်ပွင့်၊ ကြက်သွန်မြိတ်) တို့ကို ထည့်ပေးပါ။

၎။ ပြီးနောက် ဒယ်အိုးထဲ ရေ(၁လီတာ) ထည့်ပြီး မီးနည်းနည်းဖြင့် ၁နာရီတည်ထားပေးပါ။

မှတ်ချက် ။ ။ ၁နာရီတည်ထားပြီးလျှင် အချိန်ရလျှင် ချက်ချင်း မဆယ်သေးပဲ၊ လက်ဖက်ခြောက်ရည်ထဲ စိမ်ထားပါက ပိုမိုကောင်းမွန်သည်။

၅။ ကြက်ဥများကို ခေတ္တအအေးခံပြီး အခွံခွာပေးပြီး ဓားဖြင့် ၄ခြမ်းခြမ်းပေးပါ။

၆။ ပြီးလျှင် အပေါ်မှ ခရုဆီများ၊ ကြက်သွန်မြိတ်လေးများဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Credit: Cho Wut Yee (Wutyee Food House)