ညနေခင်း အစာပြေ စားလို့ ကောင်းတဲ့ ထမင်းနယ်လေးပါ။

ပါဝင်ပစ္စည်းများ

ထမင်း

လ္ဘက်ချဉ်စပ်နှပ်

ကြက်သွန်ကြော်

မြေပဲလှော်

ဆီ

ဆား

ပုဇွန်ခြောက်မူန့်

ခရမ်းချဉ်သီး

ကြက်သွန်နီ

ကြက်သွန်ဖြူ

ငါးနီတူခြောက်ကြော်ရွရွလေး

ရေနွေးကြမ်းပူပူလေး

ပြုလုပ်နည်း

အိမ်မှာ လ္ဘက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင်ထည့်ပြီး ကြက်သွန်ကြော်၊ နှမ်း၊ မြေပဲလှော်၊ ဆီ၊ ဆား၊ ပုဇွန်ခြောက်မူန့်ထည့်ပြီး အားလုံးသမအောင် နယ်ပါ။

လ္ဘက် ထမင်းပေါ်က ခရမ်းချဉ်သီး၊ ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ။

ကြက်သွန်ဖြူ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်ကြည့်ပါ။

Credit: Ohnmar Kyi