မြန်မာ့ရိုးရာအကြော်စုံ ကြော်ရာမှာပဲဖြစ်ဖြစ် တန်ပူရာအကြော် ကြော်ရာမှာပဲဖြစ်ဖြစ် အဓိက အရေးကြီးတဲ့အရာကတော့ မုန့်နှစ်စပ်နည်းပဲဖြစ်ပါတယ်။ မုန့်နှစ်ကောင်းကောင်းစပ်ထားမယ်ဆိုရင်တော့ သင့်ရဲ့အကြော်က အရသာရှိနေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

မုန့်နှစ်ကောင်းတစ်ခု ဘယ်လိုစပ်ရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဝေမျှပေးမယ့် ပြုလုပ်နည်းများကို အဆုံးအထိ အတူတူလေ့လာကြည့်လိုကရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ပန်းကန်လုံး တစ်လုံးစာ (၁၂၈ ဂရမ်)
  • ကြက်ဥ အကြီး ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံမှုန့်ထဲတွင် အတုံးအခဲများ ပါဝင်နိုင်တဲ့အတွက် ထိုအတုံးအခဲများကို ဖယ်ရှားရန်အတွက် ဆန်ခါတစ်ခုခံပြီး ဂျုံမှုန့်များကို ပန်းကန်လုံးတစ်လုံးထဲသို့ ခါထည့်ပေးလိုက်ပါ။ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် လှုပ်ခါပေးပါက အဆင်ပြေပါတယ်။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၁ လုံးကို မွှေခလောက်ထားလိုက်ပါ။

၃။ ရေနှင့် ရေခဲတုံးများကို ရောနှောလိုက်ပြီးနောက် ရေခဲတုံးများ အရည်ပျော်သွားသည်အထိ စောင့်ပါ။ အရည်ပျော်ပြီးနောက် ရရှိလာသော ရေခဲရေကို မွှေခလောက်ထားသော ကြက်ဥနှင့်ရောနှောပေးလိုက်ပါ။

၄။ ကြက်ဥပန်းကန်ထဲသို့ ဂျုံမှုန့်များရောနှောကာ တူတစ်ချောင်းဖြင့် သမအောင် နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ တန်ပူရာအကြော်စုံ ကြော်ရာမှာ အသုံးပြုနိုင်တဲ့ မုန့်နှစ်လေး ရရှိသွားပါပြီ။ ထိုမုန့်နှစ်က ရက်အတော်ကြာသည်အထိ အထားခံမှာမဟုတ်တဲ့အတွက်ကြောင့် မုန့်နှစ်စပ်ပြီးပြီးချင်းမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။

ရရှိလာတဲ့ မုန့်နှစ်ကို ပုစွန်ကြော် ကြော်ချင်ရင်ပဲဖြစ်ဖြစ်၊ ဘူးသီးကြော်၊ အာလူးကြော် ဘယ်လိုအကြော်ပဲ ကြော်ကြော် အသုံးပြုနိုင်ပါတယ်။

Source: Thespruceeats.com