မင်္ဂလာပါ Foodies လေးတို့ရေ။ ဒီတစ်ခါမှာတော့ ပုစွန်တန်ပူရာကြော်ကို အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ ကောင်
  • ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ရေခဲရေ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်ဥ ၁ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆီ ၁ ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)

ပြုလုပ်နည်းအဆင့်ဆင့်

အခွံချွတ်ပြီး ရေစင်အောင် ဆေးထားသော ပုစွန်ပေါ်သို့ ဆန်မှုန့်များ ဖြူးထည့်လိုက်ပါ။

အလတ်စားပန်းကန်လုံးထဲတွင် ရေထည့်ပြီးနောက် ကြက်ဥဖောက်ထည့်ကာ ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။ ဂျုံမှုန့်ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ဒယ်အိုးကို မီးအပူပေးပြီး ဆီထည့်ကာ ဆီကျက်လာပါက စောစောက ပြုလုပ်ထားသော ဂျုံမှုန့်အနှစ်များ နှစ်စက် သုံးစက်ခန့် ထည့်လိုက်ပါ။

ဆန်မှုန့်ကပ်နေသော ပုစွန်ကို ဂျုံမှုန့်အနှစ်ထဲ နှစ်လိုက်ပြီးနောက် ဆီပူထဲ ထည့်ကြော်လိုက်ပါ။ ၃ မိနစ်ခန့်ကြာပြီးနောက် ပုစွန်များ ရွှေရောင်ပြောင်းသွားပါက အခြားတစ်ဖက်လှန်ပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်ခန့် ကြော်ပြီးနောက် ပုစွန်ကြော်ကို ခပ်ထုတ်လိုက်ကာ ဆီစုပ်စက္ကူပေါ်တင်ထားပြီး အအေးခံထားလိုက်ပါ။

ပုစွန်များ အေးသွားတဲ့နောက်မှာ မိမိနှစ်သက်ရာအချဉ်နဲ့ အရသာရှိရှိတို့စားလို့ရပါပြီ။

မုန့်အနေနဲ့ စားသုံးလို့လည်း ရသလို၊ ထမင်းနဲ့ တွဲစားမယ်ဆိုလည်း လိုက်ဖက်ပြီး အရသာရှိနေမယ့် ပုစွန်တန်ပူရာကြော်ပဲဖြစ်ပါတယ်။

Source: couponclippingcook.com