ရိုးရာမုန့်များ လုပ်စားရတာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းရိုးရာ ငှက်ပျောသီး အုန်းနို့ဆမ်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး (အခွံခွာပြီး အဝိုင်းထူထူလေး လှီးဖြတ်ထားပါ)
  • အုန်းနို့ ၁၈၀ မီလီလီတာ
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားဖြူ ၉၀ ဂရမ်
  • ရေ ၁၂၀ မီလီလီတာ

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပြီး သကြား ၉၀ ဂရမ်နှင့် ရေ ၁၂၀ မီလီလီတာတို့ထည့်ကာ ၅ မိနစ်ခန့် တည်ထားပါ။

၂။ (၅) မိနစ်ပြည့်လို့ သကြားများ ပျော်ဝင်သွားတဲ့အခါ ထိုအိုးထဲသို့ ငှက်ပျောသီးအတုံးများ ထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ (၁၀) မိနစ်ပြည့်တဲ့အခါမှာတော့ အရည်များ အနည်းငယ် ခမ်းသွားပါလိမ့်မယ်။ ထိုအခါ ငှက်ပျောတုံးများကို ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။

၄။ တစ်ဖန် ထိုအိုးထဲသို့ပင် အုန်းနို့နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နှမ်းစေ့တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

၅။ ရရှိလာတဲ့အုန်းနို့ရည်များကို ငှက်ပျောသီးပေါ် ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောသီး အုန်းနို့ဆမ်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com