အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါသူတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင် ကြက်သားအစာသွပ်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ တုံး
  • ကြက်သွန်ဖြူ ၄ မွှာ
  • ဂျင်း လက်မဝက်ခန့်
  • စပါးလင် ၂ ချောင်း
  • ငရုတ်ပွ အနီ တစ်လုံးရဲ့ လေးပုံတစ်ပုံခန့်

  • ပူစီနံရွက် လက်တစ်ဆုပ်စာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုသီး တစ်ခြမ်း

Source: Goodeggs.com

  • ဂျုံပြား ၁၆ ပြား
  • နှမ်းစေ့အဖြူရောင်
  • ဆားအနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သားကို လေးထောင့်အတုံးခပ်သေးသေးတုံးထားပါ။

ဂျင်းနဲ့ ကြက်သွန်ဖြူတို့ကိုလည်း ပါးပါးလှီးထားပါ။

စပါးလင်ကို အဝိုင်းလိုက်ပါးပါးလှီးဖြတ်ပြီးနောက် သေးနိုင်သမျှ သေးအောင် ထပ်မံလှီးဖြတ်ပေးလိုက်ပါ။

ငရုတ်ပွအနီကိုလည်း အတုံးခပ်သေးသေးတုံးထားပါ။

ပူစီနံရွက်ကိုလည်း ခပ်ပါးပါးလှီးဖြတ်ထားပါ။

ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်ပွနဲ့ ပူစီနံတို့ ထည့်လိုက်ပါ။ (ပူစီနံကိုတော့ စားပွဲတင်ဇွန်း တစ်ဇွန်းစာပဲထည့်ပါ)။

ထိုပန်းကန်ထဲသို့ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ပြီး သံပုယိုသီးကို ညစ်ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ထို့နောက် ကြက်သားအတုံးအသေးများထည့်ပြီး အချဉ်များ အသားထဲစိမ့်ဝင်သွားဖို့အတွက် သမအောင် ရောမွှေပေးလိုက်ပါ။

ဆား စားပွဲတင်ဇွန်း တစ်ဝက်ခန့်ထည့်ပြီး နယ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် ထားထားပါ။

အချိန်ပြည့်တဲ့အခါ ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ ထို့နောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။

၅ မိနစ်ကနေ ၇ မိနစ်ခန့် ကြော်ပြီးတဲ့အခါ ပန်းကန်ပြားထဲထည့်ပြီး သံပုယိုသီးထပ်ညှစ်လိုက်ပါ။ ကျန်ရှိနေတဲ့ ပူစီနံရွက်များ ထပ်ထည့်ပြီး နယ်ပေးလိုက်ပါ။

ဂျုံပြားများကို ဆီ သုတ်လိမ်းပေးပါ။ (နှစ်ဖက်စလုံး သုတ်လိမ်းရပါမယ်)

ထို့နောက် အစွန်းနှစ်ဖက်စီကို တစ်လက်မစီ ခေါက်ထားပေးပါ။

ကြော်ထားသော ကြက်သားကြော်များကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ခပ်လိုက်ပြီး ဂျုံပြားပေါ် တင်လိုက်ပါ။

ထို့နောက် ကျစ်ကျစ်လေး လိပ်ပေးလိုက်ပါ။

အားလုံးလိပ်ပြီးသွားပြီဆိုရင် မီးဖုတ်မယ့် လင်ဗန်းပြားပေါ် တင်ပေးလိုက်ပါ။

တစ်ခုချင်းစီကို ဆီထပ်သုတ်ပေးပြီး နှစ်စေ့များဖြူးလိုက်ပါ။ထို့နောက် Oven ထဲမှာ အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ ရွှေညိုရောင်သမ်းနေတဲ့ စားချင်စဖွယ် ကြက်သားအစာသွပ်မုန့်ကို ရရှိသွားပါပြီ။

Source: Picturetherecipe.com