အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထိုင်းစတိုင်လ် ကြက်ပင်စိမ်းလေး လုပ်စားကြရအောင်ပါ။

ထိုင်း ကြက်ပင်စိမ်းတောက်တောက်စဉ်း

ပါဝင်ပစ္စည်း

  • ဆီ စားပွဲတင်ဇွန်း ၄  ဇွန်း
  • ငရုတ်သီးတောင့် ၃ တောင့် ပါးပါးလှီးပါ
  • ကြက်သွန်နီ ၃ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ  ၅ မွှာ (ပါးပါးလှီးပါ)
  • ကြက်သား တောက်တောက်စဉ်း (၁၅ကျပ်သားခန့်)

  • သကြား (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ခွက် ၁/၃ ပုံ
  • ပင်စိမ်းရွက်တစ်စည်း

ပြုလုပ်နည်း

အိုးကိုအပူပေးလိုက်ပါ။ ဆီထည့်၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်လိုက်ပါ။

ကြက်သားထည့်ကြော်ပါ။

သကြား၊ ပဲငံပြာရည်၊ ငါးငံပြာရည်ထည့်ပါ။ နောက်ထပ် မိနစ်အနည်းငယ် ထပ်မွှေပါ။ ရေနည်းနည်းထည့်လိုက်ပါ။

ရခါနီးပြီဆိုရင်တော့ ပင်စိမ်းရွက်အုပ်ပေးလိုက်ပါ။

ပင်စိမ်းနူးရင် စားလို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar