အားလုံးပဲ မင်္ဂလာပါ။ အနံ့လေးမွှေးတဲ့ ချဉ်ငန်စပ်ဝက်သားစဉ်းကောကြော် စားချင်တယ်ဆိုသူများအတွက် ဆွေမျိုးမေ့သွားလောက်အောင် အရသာထူးကဲတဲ့ ထိုင်းစတိုင်လ် ဝက်သားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ အနီ ၂ တောင့်နှင့် အစိမ်း ၂ တောင့် (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ထိုင်းပူစီနံရွက် လက်တစ်ဆုပ်စာခန့်
  • သံပုရာသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)

  • ဝက်သား ၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးထားပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ပြီးတာနဲ့ ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၂။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးပါ။ ငရုတ်ပွအနီ၊ ငရုတ်ပွအစိမ်း၊ ကြက်သွန်နီတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ စောစောက ကြော်ထားသော ဝက်သားကို ဒယ်အိုးထဲပြန်ထည့်ပြီးနောက် ပူစီနံရွက်ထည့်ကာ ရောကြော်ပေးလိုက်ပါ။

၄။ ငါးငံပြာရည်၊ ပဲငံပြာရည်နှင့် သကြားတို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ မီးဖိုပေါ်က ချခါနီးမှာ သံပုရာရည် လောင်းထည့်ပြီးနောက် သမအောင် ထပ်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ချဉ်ငန်စပ် ဝက်သားစဉ်းကောကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com