(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်စပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြက်သားအစပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ
- ဂျုံမှုန့် ၆၄ ဂရမ်
- ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ ၁ လုံး
- နွားနို့ ၆၀ မီလီလီတာ
- ကြက်ရင်အုံသား ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
- သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။
၂။ ကြက်သားတုံးကို ၁ လက်မပတ်လည် အတုံးငယ်များ တုံးထားပါ။
၃။ ဂျုံမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ဥ၊ နွားနို့၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လံးထဲထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၄။ ထိုဂျုံမှုန့်အရောအနှောထဲသို့ ကြက်သား တစ်တုံးချင်းစီကို နှစ်လိုက်ပြီးနောက် ဆီပူထဲထည့်ကြော်လိုက်ပါ။
၅။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲမှ ဆယ်ယူလိုက်ပါ။
၆။ အအေးခံပြီးနောက်မှာတော့ မိမိနှစ်သက်ရာအချဉ်၊ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။
Source: Jocooks.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ၾကက္ေၾကာ္စပ္စပ္ေလးကိုမွ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ထိုင္းစတိုင္လ္ ၾကက္သားအစပ္ေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဟင္းသီးဟင္းရြက္ဆီ
- ဂ်ံဳမႈန္႔ ၆၄ ဂရမ္
- ၾကက္သြန္ျဖဴအမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
- ၾကက္ဥ ၁ လံုး
- ႏြားႏို႔ ၆၀ မီလီလီတာ
- ၾကက္ရင္အံုသား ၁ ေပါင္ (အရိုးႏွင့္ အေရခြံတို႔ကို ဖယ္ရွားထားပါ)
- သၾကား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
- ငရုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ထားလိုက္ပါ။
၂။ ၾကက္သားတံုးကို ၁ လက္မပတ္လည္ အတံုးငယ္မ်ား တံုးထားပါ။
၃။ ဂ်ံဳမႈန္႔၊ ၾကက္သြန္ျဖဴမႈန္႔၊ ၾကက္ဥ၊ ႏြားႏို႔၊ ငရုတ္သီးမႈန္႔၊ ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ကို ပန္းကန္လံုးတစ္လံးထဲထည့္ၿပီး သမေအာင္ ေရာေမႊထားလိုက္ပါ။
၄။ ထိုဂ်ံဳမႈန္႔အေရာအေႏွာထဲသို႔ ၾကက္သား တစ္တံုးခ်င္းစီကို ႏွစ္လိုက္ၿပီးေနာက္ ဆီပူထဲထည့္ေၾကာ္လိုက္ပါ။
၅။ ၾကက္သားတံုးမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ဒယ္အိုးထဲမွ ဆယ္ယူလိုက္ပါ။
၆။ အေအးခံၿပီးေနာက္မွာေတာ့ မိမိႏွစ္သက္ရာအခ်ဥ္၊ ေဆာ့စ္တစ္မ်ိဳးမ်ိဳးျဖင့္ အရသာရွိရွိ တို႔စားႏိုင္ပါၿပီ။
Source: Jocooks.com