ပါဝင်ပစ္စည်းများ
- ကြက်သား နှင့်ကြက်အချင်း – ၂၀ သား
- COOK နေကြာဆီ – (၅) ဇွန်း (စတီးဇွန်း)
- ကြက်သွန်နီ – ၃ ဥနှင့် ကြက်သွန်ဖြူ – ၃ မွှာ
- ပဒဲကော ပါးပါး – ၃ လွှာ
- တောရှောက်ရွက် – ၃ ရွက်
- ဂျင်း – (လက်တဆစ်)
- ငြုပ်သီးအစိမ်းမှုန့် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
- တုံယွမ် အနှစ် – ၁ဇွန်း (လက်ဖက်စားဇွန်း)
- ငြုပ်သီးစိမ်း၊ ဆား၊ နနွင်းနှင့် ကြက်သားမှုန့် – အနည်းငယ်
- ငံပြာရည်စတီးဇွန်း – တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
ကြက်သားနှင့် အချင်းများကို ရေသန့်စင်အောင် ဆေးပြီး ဆား ၊ ဆနွင်း ၊ ကြက်သားမှုန့်အနည်းငယ်ဖြင့် နယ်ထားပါ ။
ငြုပ်သီးအစိမ်းမှုန့် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း တို့ကို ရောထောင်းထားပါ ။
Cookနေကြာဆီ (သို့) သင့်တော်သည့်ဆီကို ပူအောင်တည်ပြီး ထောင်းထားသောငြုပ်သီး နှင့် ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ထည့်ဆီသတ်ပါ ။ တုံယွမ်အနှစ်ထည့်ပါ ။
အနည်းငယ်ကျက်လာသောအခါ ငံပြာရည် စတီးဇွန်းတစ်ဇွန်းထည့်ပြီး မွှေးလာတဲ့အခါ ပဒဲကောထည့်ပါ ။ ကြက်သားနှင့် ကြက်အချင်းထည့်ပြီး ရေခန်းအောင်မွှေပေးပါ ။
ဆီအနည်းငယ် ပြန်လာသောအခါ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ ။
ဆီပြန်ခါနီး အရသာ အပေါ့အငန်မြည်းပြီး တောရှောက်ရွက်နှင့် ငြုပ်သီးစိမ်းအုပ်ပြီး နေကြာဆီနှင့် ချက်ထားသည့် ချဉ်ငံ စပ် မွှေး အရသာထူးကဲသည့် ဟင်းလျှာတစ်ခွက် ရလာပါမည် ။
Credit: Aye Thazin