အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ထိုင်းစတိုင်လ် ငါးမုန့်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး ၄၅၀ ဂရမ် (တစ်လက်မပတ်လည်း အတုံး တုံးထားပါ)
  • ငရုတ်သီးအနှစ် ၂.၆ အောင်စခန့်
  • ကြက်ဥအကာ ၂ လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဆီ
  • သံပုရာသီး စိပ်များ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အစားအစာများ တုံးတစ်ရောနှောသည့်စက် (Food Processor) ထဲတွင် ငါး၊ ငရုတ်သီးအနှစ်၊ ကြက်ဥအကာ၊ ငါးငံပြာရည်နှင့် သကြားတို့ထည့်ကာ အနှစ်များရသည်အထိ မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ငါးအနှစ်များကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် ငါးအသားလုံးများဖြစ်သွားအောင် လုံးပေးလိုက်ပါ။ ထို့နောက် ယောင်းမဖြင့် အသာအယာဖိပေးလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ငါးအသားပြားထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ စက္ကန့် ၄၀ ခန့် ထပ်ကြော်ပေးလိုက်ပါ။

၃။ ငါးအသားပြားက ရွှေညိုရောင်ပြောင်းသွားပါက အရသာရှိတဲ့ ထိုင်းစတိုင်လ် ငါးမုန့်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့ စားတဲ့အခါမှာလည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: Omnivorescookbook.com