ထိုင်းအစားအစာတွေက ချဉ်ချဉ်စပ်စပ်အရသာလေးတွေနဲ့ နာမည်ကြီးတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ချဉ်စပ်ကြိုက်နှစ်သက်သူများအတွက် လျှာလည်သွားစေတဲ့ ထိုင်းဟင်းလျာအများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ ထိုင်း ငါးဟင်းချဉ်စပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

 

  • ငါး ၁ ကီလိုဂရမ် (အနေတော် အတုံးတုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သံပုရိုရည် စားပွဲတင်ဇွန်း၁ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ပူစီနံရွက် အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးများကို ငရုတ်သီးမှုန့်၊ ဆား၊ သံပုရိုရည်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်လှော်လိုက်ပါ။ ငရုတ်သီးမှုန့် အနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။

၃။ အုန်းနို့နှင့် ငါးအတုံးများထည့်ပြီး ၂ မိနစ်ခန့် ပွက်ပွက်ဆူလာသည်အထိ စောင့်နေလိုက်ပါ။ ထို့နောက် သံပုရိုရည်အနည်းငယ် ထပ်ထည့်ပေးလိုက်ပါ။

၄။ ထို့နောက် မီးပိတ်ပြီး ပူစီနံရွက်လေးတွေ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထိုင်းစတိုင်လ် ငါးဟင်းချဉ်ချဉ်စပ်စပ်လေးကို ထမင်းနဲ့တွဲဖက်ပြီး အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: food.ndtv.com