အပြင်ဖက်က ကြွပ်ကြွပ်ရွရွနဲ့ အတွင်းသားနူးညံ့အိစက်တဲ့ ထိုင်းစတိုင်ကြက်ကြော်တစ်ပွဲဟာဆိုရင် ချိုစပ်အရသာနဲ့ငရုတ်နှစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။ အလွယ်တကူရှာတွေ့နိုင်တဲ့ အမျိုးအမယ်တွေကိုပဲ အသုံးပြုထားလို့ လွယ်လင့်တကူ ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

အသားနွှင်ပြီးသား ကြက်ပေါင် – ၅ တုံး

အနှစ်အတွက်

  • ကြက်သွန်နီ – ၄ လုံး
  • ဂျင်း – ၁ ဒက်
  • ကြက်သွန်ဖြူ – ၅ မြွှာ
  • နံနံပင်အရင်း – ၂ ပင်

  • ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း၂ ဇွန်း
  • ငရုတ်ကောင်းဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျုံအရောအတွက်

  • ဘက်စုံသုံးဂျုံမှုန့် – ခွက်တစ်ဝက်ခန့်
  • ဆန်မှုန့် – ခွက်တစ်ဝက်ခန့်
  • ပြောင်းဖူးအမှုန့် – ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့်တစ်ဝက်

  • ကြက်သွန်အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း တ၀က်ခန့်
  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ကြက်ဥအရောအတွက်

  • ကြက်ဥ – နှစ်လုံး
  • ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထိုင်းငရုတ်နှစ်ချိုအတွက်
  • အစေ့ထုတ်ပြီးသား ငရုတ်သီးအနီ – နှစ်တောင့်
  • ကြက်သွန်ဖြူ – ၃ မြွှာ

  • ရေ – ခွက်တစ်ဝက်ခန့်
  • သကြား – ခွက်တစ်ဝက်ခန့်
  • ဆန်ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • သံပုရာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်

  • ပြောင်းဖူးမှုန့် – လက်ဖက်ရည်ဇွန်းနှစ်ဇွန်း နှင့် ရေ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  • ဆလပ်ရွက် – ပါးပါးလှီးပြီးသား
  • ချယ်ရီခရမ်းချဉ်သီးများ – ထက်ဝက်လှီးပြီးသား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

အနှစ်အတွက် ပါဝင်ပစ္စည်းမှန်သမျှကို ပျစ်သည်အထိ ကြိတ်ပေးပါ။ ကြက်သားပေါ်လောင်းချပြီး သေချာနှံအောင်နယ်ပေး၍ ရေခဲသေတ္တာထဲ တစ်ညနှပ်ထားပါ။

ဂျုံမှုန့်အရောအတွက် ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးထဲထည့်ပြီး ရောမွှေပေးပါ။

နောက်ပန်းကန်လုံးထဲမှာ ကြက်ဥအရောအတွက် အမျိုးအမယ်အကုန်လုံးကို ပေါင်းထည့်ပြီး သမအောင်မွှေပေးပါ။

ကြက်သားနှပ်ထားတာကို ယူလိုက်ပြီး ကြက်ဥအရောထဲထည့်နှစ်ပါ။ ပြီးရင် ဂျုံမှုန့်အရောထဲလည်း နှစ်ပေးပြီး နာရီဝက်နှပ်ထားပေးပါ။

ကြိတ်စက်ထဲမှာ ငရုတ်သီး၊ ကြက်သွန်ဖြူတို့ကို ထည့်ကြိတ်ပြီး လက်ကိုင်ပါဒယ်အိုးအထဲသို့ ပြောင်းဖူးမှုန့်မှလွဲပြီး ငရုတ်သီးအနှစ်အတွက် ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းထည့်ပါ။ အနေတော်မီးအရှိန်မှာ အိုးကိုတည်ထားပြီး ပွက်လာပါက မီးအရှိန်လျှော့လိုက်ကာ ပြောင်းဖူးမှုန့်အနှစ်ကို ထည့်၍မွှေပေးပါ။ ပျစ်လာပြီဆိုပါက မီးဖိုပေါ်မှဖယ်လိုက်ပါ။

ဆီအနည်းငယ်ကို ဒယ်အိုးပြားထဲထည့်၍ ၃၆၅ ဖာရင်ဟိုက်ရောက်အောင် အနေတော်မီးအရှိန်နဲ့ အပူပေးပါ။ မကြော်ခင်မှာ ကြက်ကြော်ကို ဂျုံမှုန့်နှင့်နောက်တစ်ထပ်အုပ်ပေးပါ။

ကြက်သားကို နီရဲလာသည်အထိ တစ်ဖက်စီကို လေးမိနစ်စီကြော်ပေးပြီး ဆီစစ်ကာ ဆလပ်ရွက်နှင့် ချယ်ရီခရမ်းချဉ်သီးများ ခင်းထားသည့် ပန်းကန်ပြားပေါ် ကြက်ကြော်တင်လိုက်ပြီးရင်တော့ အချဉ်နဲ့တို့၍ အရသာရှိရှိ စားသုံးနိုင်ပါပြီ။