အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းကြော်ကို သစ်သီးတစ်မျိုးဖြစ်တဲ့ နာနတ်သီးနဲ့ ကြော်နည်းကို ဖော်ပြပေးချင်ပါတယ်။ ထိုင်းထမင်းကြော်ဖြစ်တဲ့အတွက်ကြောင့် မြန်မာလူမျိုးတွေရဲ့ပါးစပ်ထဲမှာ စိမ်းနေမှာမဟုတ်ပါဘူး။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး သုံးပုံတစ်ပုံခန့် (အတုံးခပ်သေးသေးတုံးထားပါ)
  • ထမင်း ပန်းကန်လုံးသုံးခွက်စာ
  • ပုစွန် လက်တစ်ဆုပ်စာခန့် (အခွံချွတ်ထားပါ)
  • ကြက်သွန်မြိတ် အနည်းငယ်နှင့် ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာခန့်နှင့် ကြက်ဥ တစ်လုံး
  • ပဲလုံးစိမ်းနှင့် သီဟိုဠ်စေ့အနည်းငယ်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း သုံးဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း လေးဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်လိုက်ပါ။

၂။ ကြက်ဥဖောက်ထည့်ကာ ကြော်လိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ငါးငံပြာရည်နှင့် သကြားတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဒယ်အိုးထဲထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၎။ သီဟိုဠ်စေ့များထည့်ပြီး စက္ကန့်သုံးဆယ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ထမင်းထည့်ပြီး မိနစ်အနည်းငယ် ကြော်ပေးရပါမယ်။ ပုစွန်ထပ်ထည့်ပြိး ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် ပဲလုံးစိမ်းနှင့် နာနတ်သီးတို့ထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။ စပျစ်သီးခြောက် ထည့်ချင်တယ်ဆိုပါကလည်း ထည့်နိုင်ပါတယ်။

၇။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ နာနတ်သီး ပုစွန်ထမင်းကြော်ကို ပန်းကန်ပြားထဲပဲ ထည့်နိုင်သလို အပြင်အဆင်လှလှပပလေးနဲ့ စားသုံးချင်သူများကတော့ နာနတ်သီးထဲ ထည့်ပြီး အလှဆင်နိုင်ပါတယ်။

Source: Thespruceeats.com