အားလုံးပဲ မင်္ဂလာပါ။ ရိုးရာအချိုပွဲ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ငှက်ပျောသီးကင် အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၃ လုံး
  • အုန်းနို့ခရင်မ် စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြား ၅၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို ဒေါင့်ဖြတ်မျဉ်းအလိုက် ခပ်စောင်းစောင်းလေး လှီးဖြတ်ထားပါ။

ထို့နောက် ငှက်ပျောသီးများကို တစ်ခြမ်း ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ငှက်ပျောသီးများက တောင့်တောင့်တင်းတင်းလေး ဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး အုန်းနို့ခရင်မ်ထည့်ပါ။ သကြား၊ ဆားတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မီးအေးအေးဖြင့် မွှေပေးရပါမယ်။

၃။ နောက်တစ်ဆင့်အနေနဲပ ငှက်ပျောသီးများကို ပန်းကန်ပြားတစ်ချပ်တွင် လှလှပပ အလှဆင်ထားပါ။ စောစောက အုန်းနို့သကြားရည်များကို အပေါ်ကနေ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ငှက်ပျောသီးကင် အချိုပွဲလေး ရရှိသွားပါပြီ။

Source: Siamsizzles.com