အားလုံးပဲ မင်္ဂလာပါ။ အသုပ်စားရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သားသုပ်စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၆၀၀ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုရာသီး ၂ လုံး (အရည်ညှစ်ထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာခန့်နှင့် ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • သခွားသီး တစ်ဝက် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲမှ ၃ ဇွန်းအထိ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ခရုဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ဟင်းရွက်ဆီတို့ဖြင့် သမအောင် နယ်ထားပြီးနောက် အနည်းဆုံး တစ်နာရီခန့် နှပ်ထားလိုက်ပါ။ (တစ်ညခန့် နှပ်ထားမယ်ဆိုရင်တော့ အရသာပိုကောင်းပါတယ်)

၂။ အခြားပန်းကန်လုံးတစ်လုံးတွင် ငါးငံပြာရည်၊ ပျားရည်၊ မန်ကျည်းသီးအနှစ်နှင့် သံပုရာရည်တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။ ထို့နောက် အရသာမြည်းစမ်းကြည့်လိုက်ပါ။ ငန်ငန်လေး စားချင်ပါက ငါးငံပြာရည် ထပ်ထည့်ပါ။ ချိုချိုလေး စားချင်ပါက ပျားရည် ထပ်ထည့်နိုင်သလို ချဉ်သောအရသာ ကြိုက်နှစ်သက်ပါက သံပုရာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးမှုန့် ထည့်ပေးလိုက်ပါ။

၃။ ထို့နောက် ကြက်သားကို ၅ မိနစ်ခန့် ကင်ပေးရပါမယ်။ ပြီးရင်တော့ ကြက်သားကို အအေးခံကာ အနေတော် အရွယ်အစား နွှင်ထားလိုက်ပါ။

၄။ ဇလုံအကြီးတစ်လုံးထဲတွင် နံနံပင်၊ ပင်စိမ်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သခွားသီး၊ ငရုတ်သီးမှုန့်နှင့် ကြက်သားတို့ကို သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ငါးငံပြာရည်အရောအနှောကို ပန်းကန်လုံးထဲ လောင်းထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားသုပ်စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့ သုံးဆောင်မယ်ဆိုရင်တော့ အင်မတန်မှလိုက်ဖက်ပါတယ်။

Source : Seonkyounglongest.com