အားလုံးပဲ မင်္ဂလာပါ။ ထိုင်းအစားအစာများ ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြက်သားကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်က ရိုးရှင်းလွယ်ကူတာကြောင့် အလုပ်ရှုပ်မခံချင်သူများအားလုံး သဘောကျနှစ်ခြိုက်မယ်လို့ ယုံကြည်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံပုယိုသီးအခွံ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ကြက်ရင်အုံသား ၄ တုံး (အရေခွံခွာထားပါ)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား
  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးအရောင်တင်မှုန့်၊ နုပ်နုပ်စဉ်းထားသော ဂျင်း၊ ဇီရာမှုန့်၊ နနွင်းမှုန့်၊ သံပုယိုခွံ၊ သံပုယိရည်၊ နံနံပင်၊ ဆားနှင့် ဆီတို့ိကို သမအောင် ရောနှောလိုက်ပါ။

၂။ ရရှိလာတဲ့ အရည်အရောအနှောကို ကြက်သားပေါ်သို့ လောင်းချလိုက်ပါ။ ကြက်သားထဲသို့ ပါဝင်ပစ္စည်းများ အားလုံး စိမ့်ဝင်သွားဖို့ရန်အတွက် ကြက်သားကို ၅ နာရီ၊ ၆ နာရီကြာသည်အထိ စိမ်ထားရပါမယ်။

၃။ အချိန်ပြည့်သွားတဲ့အခါ ကြက်သားကို အကင်မီးဖိုပေါ်မှာ ကင်ပေးလိုက်ပါ။

၄။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းသွားသည်အထိ စိတ်ရှည်လက်ရှည်နဲ့ တစ်ခြမ်းချင်းစီ ကင်ပေးရပါမယ်။

၅။ နှစ်ခြမ်းစလုံး ကင်ပြီးသွားတဲ့အခါမှာတော့ စားချင်စဖွယ်အနံ့နဲ့ ဆွဲဆောင်နေတဲ့ ထိုင်းစတိုင်လ် ကြက်သားကင်လေးရရှိသွားပြီပဲဖြစ်ပါတယ်။

မိနစ်အနည်းငယ်အကြာ အအေးခံပြီးတဲ့နောက်မှာတော့ မိမိနှစ်သက်ရာအချဉ်ရည်နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: recipefy.com