ထိုင်းအစားအစာ စပ်စပ်လေးတွေကို နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြက်သားအစပ်ကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ဝ.၅ ပေါင်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေဆေးပြီးနောက် ခြောက်သွားအောင် သုတ်ထားလိုက်ပါ။

၂။ ထို့နောက် ကြက်သားကို ပန်းကန်လုံးအကြီးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ကြက်သားပေါ်သို့ ငရုတ်သီးမှုန့်၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် နယ်ဖတ်ထားလိုက်ပါ။

ထို့နောက် အနည်းဆုံး မိနစ် ၃၀ မှ အများဆုံး ၃ နာရီအထိ နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ထားသောအချိန်ပြည့်ပါက အကင်မီးဖိုကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ကြက်သားကို အကင်မီးဖိုပေါ်တွင် တင်ကာ ကင်ပေးလိုက်ပါ။ ကင်နေစဉ်အတောအတွင်းမှာ စောစောက ကြက်သားစိမ်ထားသော ငရုတ်သီးအရည်များဖြင့် သုတ်လိမ်းပေးလိုက်ပါ။

၄။ ကြက်သား တစ်ဖက်ခြမ်းက အညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့ လှန်ကာ ဆက်ကင်ပေးလိုက်ပါ။

အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားကင်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com