ရိုးရိုးခေါက်ဆွဲသုပ်ကြီးလည်းမစားချင်ဘူး ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်ဆိုရင်တော့ Peanut Sauce လေးနဲ့သုပ်ထားတဲ့ ထိုင်းစတိုင် ခေါက်ဆွဲသုပ်လေး သုပ်စားကြည့်ပါ။ သူ့မှာသုံးတဲ့ Peanut Sauce က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေနဲ့ ပေါင်းထားတာပါ။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲခြောက် ၆ အောင်စ (ဆန်ညိုခေါက်ဆွဲ၊ ထိုင်းစတိုင်ဆန်ခေါက်ဆွဲ၊ ဆိုဘ ခေါက်ဆွဲ၊ linguini)
- ခြစ်ထားတဲ့ အနီရောင် ဂေါ်ဖီထုပ် ၊ မုန်လာဥနီ နဲ့ မုန်လာဥဖြူ 4 ခွက်
- ငရုတ်ပွအနီ ၁ တောင့် ( ပါးပါးလှီးထားပါ )
- ကြက်သွန်မြိတ် ၃ တောင့် ( ပါးပါးလှီးထားပါ )
- လှီးထားတဲ့ Cilantro ၁/၂ တောင့် (သို့မဟုတ် ) ပင်စိမ်းနဲ့ ငရုပ်ကောင်းမှုန့်
- ငရုတ်သီးအစိမ်းတောင် နည်းနည်း ( ပါးပါးလှီးထားပါ )
- ထောင်းထားတဲ့ မြေပဲ ၁/၂ ခွက်
Thai Peanut Sauce ပြုလုပ်ရန်
-
-
- ဂျင်း နည်းနည်း ( ပါးပါးလှီးထားပါ )
- ကြက်သွန်ဖြူ ၂ မွှာ
- မြေပဲထောပတ် 1/2 ခွက်
- လိမ္မော်သီးဖျော်ရည် ၁/၂ ခွက် (အကြမ်းဖျင်း လိမ္မော်သီးကြီး ၁ လုံး)
- သံပရာရည် 1/3 ခွက် (သံပုရာသီး 2 လုံးခန့်)
- ပဲငံပြာရည် 1/4 ခွက် သို့မဟုတ် GF Braggs Liquid Amino Acids
- ပျားရည် သို့မဟုတ် Maple ၁/၃ ခွက်
- နှမ်းဆီ ၁/၄ ခွက်
- 1 – 1 1/2 လက်ဖက်ရည်ဇွန်း cayenne ငရုတ်ကောင်း (သို့မဟုတ် sriracha ဆော့စ်မှုန့်)
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
-
ပြုလုပ်ပုံအဆင့်ဆင့်
ခေါက်ဆွဲထုတ်ပေါ်က ညွှန်ကြားချက်အတိုင်း ခေါက်ဆွဲပြုတ်ပါ။ နူးလာပြီဆိုရင် ရေအေးအောက်မှာ ရေစင်အောင်ဆေးပြီး အအေးခံပါ။
ခေါက်ဆွဲပြုတ်နေချိန်မှာ Peanut Sauce လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို Blender သုံးပြီး သမအောင်မွှေပါ။
နုတ်နုတ်စင်းထားတဲ့ အသီးအရွက်တွေ၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံးထဲထည့်ထားပါ။ ခေါက်ဆွဲအေးများကို ပန်းကန်လုံးထဲသို့ ထည့်ပြီး ရောမွှေပေးပါ။ အပေါ်ကနေ Peanut Sauce လောင်းပြီး သုပ်စားလိုက်ပါ။