အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတွေအတွက် ကောက်ညှင်းထုပ်၊ သကြားမုန့်ဖက်ထုပ်တို့က ဘယ်တော့မှ မရိုးနိုင်တဲ့ အစားအစာတွေပါပဲ။ ဒီတစ်ခါမှာလည်း ကြက်သားဖက်ထုပ်ကို ဂျုံနဲ့ လိပ်ထားတဲ့ ဖက်ထုပ်မဟုတ်ဘဲ မြန်မာမှုပြုထားတဲ့အနေနဲ့ ငှက်ပျောရွက်နဲ့ သေချာထုပ်ပိုးပြီး ကြော်ရတဲ့ ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောရွက် အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မြွှာ
  • အုန်းနို့ခရင်မ် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မန်ကျည်းရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ပေါင် ၃၅၀ ဂရမ် (အရေခွံနှင့် အရိုးတို့ကို ဖယ်ထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည်အချို စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား ၇၀ ဂရမ်
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့အဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ဆုံထဲတွင် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့စေ့တို့ကို ညက်နေအောင် ထောင်းထားပါ။ ရရှိလာတဲ့အမှုန့်ကို ပဲငံပြာရည်အကြည်၊ ခရုဆီ၊ အုန်းနို့ခရင်မ်တို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဇလုံတစ်လုံးထဲတွင် ကြက်သားများ ထည့်ထားပြီးနောက် စောစောကနယ်ထားသော အရည်များဖြင့် ကြက်သားကို နယ်လိုက်ပါ။ မိနစ် ၃၀ ခန့် သိပ်ထားလိုက်ပါ။

၃။ တို့စားဖို့ အချဉ်ရည်ပြုလုပ်ဖို့ရန်အတွက် အိုးအသေးတစ်လုံးထဲတွင် သကြား၊ ပဲငံပြာရည်အချို၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးဆော့စ်နှင့် မန်ကျည်းရည်တို့ထည့်ကာ သမအောင် မွှေကာ အပူပေးထားလိုက်ပါ။ သကြားများ ပျော်ဝင်သွားပြီး ဆော့စ်က ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။

၄။ ငှက်ပျော်ရွက်ကို ခွက်ပုံသဏ္ဍာန် လိမ်ပြီးနောက် ထိုအရွက်ထဲသို့ ကြက်သားတုံးများ ထည့်လိုက်ပါ။ ငှက်ပျောရွက်ရော ကြက်သားပါ ကုန်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီများများထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ထားသော ငှက်ပျောဖက်ထုပ်များကို အိုးထဲ ထည့်ကြော်ပေးလိုက်ပါ။

၆။ (၄) မိနစ်၊ (၅) မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာတော့ ကြက်သားဖက်ထုပ်ကြော်လေး ရရှိသွားပါပြီ။ အိုးထဲက ဆယ်ယူကာ အအေးခံပြီးတဲ့နောက်မှာတော့ စောစောက စပ်ထားသော အချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားလိုက်ပါ။

Source: Asianfoodnetwork.com