အားလုံးပဲ မင်္ဂလာပါ။ ထိုင်းအသုပ် စပ်စပ်လေးကိုမှ စားချင်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းကြာဇံသုပ် ချဉ်ချဉ်စပ်စပ်လေးကို ဘယ်လိုအရသာရှိရှိ လုပ်စားမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အသုပ်နယ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • သံပုရာသီး တစ်လုံး (အရည်ညှစ်ထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း သုံးဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း သုံးဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း သုံးဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

အသုပ်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ

  • ကြာဇံ ၆ အောင်စခန့်
  • ပဲပင်ပေါက် အနည်းငယ်
  • ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ တစ်လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

  • ပဲပြားအနည်းငယ် (အတုံးသေးသေးလေး တုံးထားပြီး ကြော်ထားပါ)
  • ငရုတ်ပွ နှစ်ခု (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ အနည်းငယ် (ပါးပါးလှီးထားပါ)
  • နံနံပင်နှင့် မြေပဲ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ သံပုရာရည်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီး၊ ကြက်သွန်နှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြာဇံကို ၇ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၃။ ကြာဇံများ ပြုတ်ပြီးပါက ကြာဇံဖတ်များကို ဆယ်ယူလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲထည့်လိုက်ပါ။

၄။ ပဲပင်ပေါက်များကို ကြာဇံခွက်ထဲသို့ ထည့်ပေးလိုက်ပါ။

၅။ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ငရုတ်ပွ၊ တရုတ်နံနံတို့ထည့်ပြီး နယ်ပေးလိုက်ပါ။

၆။ ပဲပြား၊ နံနံပင်တို့ထည့်ကာ စောစောက နယ်ထားသော သံပုရာရည်နှင့် ငံပြာရည် အရောအနှောတို့ကို ကြာဇံထဲ လောင်းထည့်လိုက်ပါ။

၇။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် မြေပဲနှင့် နံနံပင်အနည်းငယ် ထပ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြာဇံသုပ်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats.com