ယခုဖော်ပြပေးမယ့် စွပ်ပြုတ်တစ်ခွက်ကိုချက်ဖို့ ကိုးမိနစ်သာလိုအပ်လို့ အရသာမရှိလောက်ဘူးလို့တော့ မထင်လိုက်နဲ့အုံးနော်။ ငါးငံပြာရည်၊ ဂျင်း၊ Curry တို့အပြင် အုန်းနို့၊ ကြက်သား၊ ပုစွန်၊ အသီးအရွက်မျိုးစုံ စတာတွေ ပေါင်းစပ်ပါဝင်တဲ့ ဒီစွပ်ပြုတ်တစ်ခွက်ကတော့ လူကြီးများသာမက ကလေးများပါမကျန် အလွန်သဘောကျနှစ်ခြိုက်ကြမှာ အမှန်ဖြစ်လို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်နော်။

ပါဝင်ပစ္စည်းများ

အဆီမပါတဲ့ ကြက်သားပြုတ်ရည် – ၃ ခွက်

ခုံးအရည် (သံဗူး) – ၁ ခွက်

ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဂျင်း (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တဝက်

အနီရောင် Curry အနှစ် – လက်ဖက်ရည်ဇွန်း လေးပုံသုံးပုံ

မှို (လှီးပြီးသား) – တစ်ထုပ် (၈ အောင်စ)

ပုစွန်အကြီး (ခွာပြီး၊ ထောင်းပြီးသား) – အနည်းငယ်

အရိုးဖယ်ပြီးသား ကြက်ရင်ပုံ – ၃၀ သား (၁ လက်မအရွယ်လေးတွေ လှီးပေးပါ)

ရွှေပဲသီး (အစေ့ထုတ်ပြီး) – ၁ ထုပ်

သံပုရာရည် – အနည်းငယ်

သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ် (လှီးပြီးသား) – ၁ ပင်

နံနံပင် (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အုန်းနို့ (အပေါ့) – ၁ ဘူး

ပြင်ဆင်ပုံအဆင့်ဆင့်

ဦးစွာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းခြောက်မျိုးကို  Dutch Oven ထဲထည့်ပြီး ယောင်းမနဲ့မွှေပေးပါ။ မှိုကိုလည်းပေါင်းထည့်ပြီး ပွက်လာသည်အထိတည်ပေးပါ။ အပူလျှော့လိုက်ပြီး လေးမိနစ်ကြာ တည်ပေးပါ။ ပုစွန်၊ ကြက်သား၊ ရွှေပဲသီးတို့ကိုလည်း ရောထည့်ကာ ပွက်အောင်ထားပေးပါ။ အဖုံးအုပ်ပြီး အပူချိန်လျော့ကာ သုံးမိနစ်ကြာအောင် တည်ပေးပါ။

သံပုရာရည်ညှစ်ပြီး အခြားပါဝင်ပစ္စည်းများကိုလည်း ရောထည့်ပြီး ဆက်မွှေပေးပါ။ ၂ မိနစ်ကြာအောင် ချက်ပေးပြီးရင် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။