အားလုံးပဲမင်္ဂလာပါနော်။ ပုဇွန်ကို အရသာတစ်မျိုးလေးနဲ့ စားလို့ကောင်းအောင် ပုဇွန်အုန်းနို့ချက်လေး ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • စပါးလင် ၁ ချောင်း
  • ပင်စိမ်းရွက်တစ်စည်း
  • ပုဇွန် ၂၅၀ ဂရမ် (ရေသေချာဆေးပြီး အခွံသေချာသန့်ထားလိုက်ပါ)
  • ခရမ်းသီး ၂၅၀ ဂရမ်
  • မှို ၄ ခု

  • ထိုင်းဟင်းအနှစ် အနည်းငယ်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပယိုသီး (သို့) သံပရာသီး တစ်ခြမ်း
  • အုန်းနို့ ၅၀ မီလီလီတာ
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံးပါဝင်ပစ္စည်းတွေကိုသေချာသန့်စင်လိုက်ပါ။ ခရမ်းသီးကိုအတုံးလေးတွေလှီးလိုက်ပါ။

မှိုကိုလည်းလှီးထားပါ။

ပုဇွန်ကိုလည်းအညစ်အကြေးတွေထုတ် သေချာသန့်စင်ပါ။ အမြီးကိုနည်းနည်းချန်ထားပါ။

စပါးလင်ကိုလည်း အပိုင်းလေးတွေလှီးလိုက်ပြီး အောက်ပိုင်းကိုထုပြားလိုက်ပါ။

အိုးထဲကို ဆီထည့်လိုက်ပြီး ထိုင်းဟင်းအနှစ်ကိုထည့်လိုက်ပါ။

ခရမ်းသီးနဲ့ မှိုကိုကြော်ပေးလိုက်ပါ။

ပြီးရင်တော့ အုန်းနို့လေးထည့်လိုက်ပါ။ အုန်းနို့အနေတော်လောက်ရပြီဆိုရင်တော့ ထားထားပါ။

ခရမ်းသီးနူးလာရင် နည်းနည်းမြည်းကြည့်လိုက်ပါ။ တကယ်လို့ သိပ်မစပ်သေးဘူးဆိုရင်တော့ ဟင်းအနှစ်ကိုထပ်ထည့်ပါ။ ပြီးရင်တော့ စပါးလင်ကိုထည့်လိုက်ပါ။

အဲဒီနောက် ပုဇွန်ထည့်ပါ။

ပုဇွန်က နည်းနည်းလေးနွမ်းလာရင် ငါးငံပြာရည်ထည့်လိုက်ပါ။

အားလုံးရပြီဆိုရင် သံပရာသီးကိုအရည်ညှစ်ထည့်လိုက်ပါ။ အစေ့မပါပါစေနဲ့နော်။

ပြီးရင်တော့ အနှံ့လေးမွှေးအောင် ပင်စိမ်းရွက်လေးနည်းနည်းထည့်လိုက်ပြီး အနံ့လေးမွှေးတက်လာရင် ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar