အားလုံးပဲ မင်္ဂလာပါ။ ထိုင်းအစားအစာ ကြိုက်နှစ်သက်သူတွေအတွက်ရော ထမင်းကြော် ကြိုက်နှစ်သက်သူတွေပါ လျှာလည်သွားစေမယ့် ထိုင်းစတိုင်လ် ပုစွန်ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုစွန် ပန်းကန်လုံး ၁ လုံစာ (အခွံခွာထားပါ)
- ပုစွန်ငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်း
- ထမင်း ပန်းကန်လုံး ၁ လုံးစာ
- ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
- ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ဥပြုတ် ၁ လုံး (အလှဆင်ရန်)
- ကြက်သွန်မြိတ် အနည်းငယ် (အလှဆင်ရန်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။
၂။ ထို့နောက် ကြက်သွန်နီထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ထမင်းထည့်ကာ ကြက်သွန်နီ၊ ပုစွန်တို့နဲ့ သမအောင် မွှေကြော်လိုက်ပါ။
၄။ ထို့နောက် ငါးငံပြာရည်၊ ခရုဆီ၊ ပုစွန်ငါးပိနှင့် သကြားတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပါ။ (ကြက်ဥ ဖောက်ထည့်ကာ မွှေကြော်ချင်လည်း ရပါသေးတယ်)
အရသာ အပေါ့အငန် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပုစွန်ထမင်းကြော်တစ်ပွဲ ရရှိသွားပါပြီ။
ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ကြက်သွန်မြိတ်၊ ကြက်ဥပြုတ်များနဲ့ အလှဆင်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။
Source: Siamsizzles.com