ခေါက်ဆွဲပြုတ် ကြိုက်နှစ်သက်သူများအတွက် အခုတစ်ခါဝေမျှပေးမယ့် ထိုင်းစတိုင်လ် ချဉ်စပ်အရသာ ကြက်သားခေါက်ဆွဲပြုတ်လေးက လျှာလည်သွားစေမှာပါ။

ပါဝင်ပစ္စည်းများ

  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ) နှင့် ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားပါ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်ပြုတ်ရည် ၁ လီတာနှင့် အသားနွှင်ထားသော ကြက်သားပြုတ် ပန်းကန်လုံးအသေး ၂ လုံးစာ
  • အုန်းနို့ စည်သွပ်ဘူး ၁ ဘူး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ခေါက်ဆွဲ ၈ အောင်စ
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ဆီထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်ပြီး ၄ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးထောင်းတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။

၃။ ကြက်ပြုတ်ရည်၊ အုန်းနို့၊ ငါးငံပြာရည်နှင့် ကြက်သားတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခေါက်ဆွဲထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ပါ။

၄။ ခေါက်ဆွဲ နူးအိသွားပြီဆိုရင်တော့ သံပုယိုရည်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ချဉ်စပ်အရသာ ကြက်သားခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ။

Source: Erydayeasyeats.com