အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထိုင်းအစားအစာ နှစ်သက်သူများအတွက် ကြက်ဥနှင့် ဝက်သားစဉ်းကော မနက်စာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ကြက်သွန်ဖြူ ၄ မြွှာ
  • ငရုတ်သီး ၄ တောင့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝက်သား ၂၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပင်စိမ်းရွက် ပန်းကန်လုံး ၁ လုံးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင် ထောင်းလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ငရုတ်သီးထောင်းများထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

ထို့နောက် ဝက်သားထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ခရုဆီနှင့် ငါးငံပြာရည်တို့ထည့်ကာ ဝက်သား ကျက်သည်အထိ ကြော်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ပင်စိမ်းရွက်လေး အုပ်ပြီး မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။

၃။ အခြားဒယ်အိုးတစ်ခုကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ Half-Fried ကြော်ပေးလိုက်ပါ။

၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၄။ ထို့နောက် ပန်းကန်ပြားထဲတွင် ကြက်ဥကြော်များနှင့် ဝက်သားစဉ်းကော အစပ်ကြော်တို့ ပေါင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ထိုင်းစတိုင်လ် မနက်စာလေး ရရှိသွားပါပြီ။

Source: Marionskitchen.com