အားလုံးပဲ မင်္ဂလာပါ။ ပူပူစပ်စပ်ဟင်းရည်လေးကိုမှ ရှူးရှူးရှဲရှဲနဲ့ ဆွေမျိုးမေ့သွားလောက်အောင် သောက်ချင်သူများအတွက် ထိုင်းစတိုင်လ် ဝက်နံရိုးဟင်းရည်ပူစပ်ပူစပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၃၅၀ ငရမ်
  • မှို ပန်းကန်လုံး ၁ လုံးစာ
  • စပါးလင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း ၃ ပြား
  • ခရမ်းချဉ်သီး ၅ လုံး

  • ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရှောက်ရွက် ၅ ရွက်

  • ငရုတ်သီးတောင့် အခြောက်တောင့် ၁၅ တောင့်
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ ၃ ခွက် (စားပွဲတင်ဇွန်း ၄၈ ဇွန်း)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော ကြက်သွန်နီများကို ဒယ်အိုးထဲထည့်ကာ ၅ မိနစ်ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီးများထည့်ကာ ၃ မိနစ်ခန့် အပူပေးပါ။ ထို့နောက် ငရုတ်သီးတောင့်များထည့်ကာ ၁၅ စက္ကန့်ခန့် ရောမွှေပါ။

ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၂။ တစ်ဖန် ရေ ၃ ခွက်ကို အိုးထဲထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ပါ။

၃။ ရေများ ဆူပွက်လာပါက မီးအပူချိန်ကို လျော့လိုက်ပြီး ဝက်နံရိုးများထည့်ကာ ၁ နာရီခန့် မီးအေးအေးဖြင့် တည်ထားပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မီးအပူချိန်ကို အနည်းငယ် မြှင့်လိုက်ပါ။ ဂျင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ စပါးလင်၊ မှိုတို့ထည့်ကာ ပွက်ပွက်ပြန်ဆူလာအောင် စောင့်ပါ။

၅။ ပွက်ပွက်ဆူလာပါက ရှေက်ရွက်ထည့်ပါ။ ငါးငံပြာရည်၊ သံပုရာရည်၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ လှော်ထားသော ငရုတ်သီးတောင့်များထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ဝက်နံရိုးဟင်းရည် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Siamsizzles.com