ဆန်းဆန်းပြားပြားဖြစ်တာမျိုးတွေကို စားချင်တဲ့သူတွေနဲ့ အသုပ်ကြိုက်တဲ့သူတွေအတွက် ထိုင်းစတိုင်လ် ပန်သီးနဲ့ဂေါ်ရခါးသီးသုပ် လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ယိုးဒယားသင်္ဘောသီးထောင်း ကြိုက်တဲ့သူတွေဆိုရင်တော့ ပန်းသီးနဲ့ဂေါ်ရခါးသီးသုပ်ကို ကြိုက်မှာသေချာပါတယ်။

စတင်ပြုလုပ်ဖို့ ဂေါ်ရခါးသီးတစ်ခြမ်းကို အခွံခွာပြီး အချောင်းလေးတွေ လှီးထားပါ။

ပန်းသီး တစ်ခြမ်းကိုလည်း အချောင်းလေးတွေလှီးထားပါ။

ဇောက်နက်တဲ့ ငရုပ်ဆုံထဲကို ကြက်သွန်ဖြူ – ၃ တက်နဲ့ ငရုပ်သီးတောင့် – ၃ တောင့်ထည့်ပြီး ထောင်းပါမယ်။ ကြေညက်အောင်ထောင်းပြီးရင် ထန်းလျှက်ကို နှုတ်နှုတ်ဆင်းပြီး စားပွဲတင်ဇွန်း ၁ ဇွန်းယူထည့်ပြီး ထောင်းပါမယ်။
ပုစွန်ခြောက် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာ ထည့်ထောင်းပါမယ်။ သီဟိုဋ္ဌ်စေ့ရှိရင် နည်းနည်းထည့်ပြီး ထောင်းပါမယ်။ သီဟိုဋ္ဌ်စေ့မရှိရင် မြေပဲထည့်ထောင်းပေးပါ။

သေချာထောင်းပြီးရင် ငရုပ်ဆုံထဲကိုပဲ သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းခွဲစာနဲ့ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲထည့်ပြီး မွှေလိုက်ပါ။ ခရမ်းချဉ်သီး – အလုံးကြီး တစ်ခြမ်းကို လှီးပြီး ထည့်ထောင်းပေးပါ။ အားလုံးပြီးရင် ပန်းကန်အကြီးထဲထည့်လိုက်ပါ။

လှီးထားတဲ့ ဂေါ်ရခါးသီးနဲ့ ပန်းသီးကိုလည်း ထည့်ပြီး ဇွန်းနဲ့နယ်လိုက်ပါ။ မုန်လာဥနီ – အလုံးသေး ၁ လုံးကို ခြစ်ပြီးထည့်ပြီး နယ်ပေးပါ။

ပန်းသီးကို ပါးပါးလေးတွေလှီးပြီး ပန်းကန်ပြားထဲ တန်းစီထည့်ပါ။ ပြီးမှ အလယ်မှာ သုပ်ထားတဲ့ အသုပ်ကို ထည့်ပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပန်းသီးနဲ့ ဂေါ်ရခါးသီးသုပ်ကို ရရှိသွားပါပြီ။

Source: www. Hotthaikitchen.com