ခရမ်းသီးဆိုရင် နှပ်တာပဲလုပ်စားကြတာများပါတယ်။ ဒါကြောင့် အထူးအဆန်းလေးလည်းဖြစ်သွားအောင် ကြက်သားနဲ့ခရမ်းသီးကိုရောပြီး ထိုင်းစတိုင်လ် အရသာရှိရှိလေးဖြစ်အောင် ကြော်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခရုဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်သီးအနှစ် (Thai Chili Paste) – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲ ရောထည့်ပြီး သမအောင်မွှေပေးပါ။

ခရမ်းသီး ကြီးရင် ၁ လုံး သေးရင်တော့ ၂ လုံးလောက်ကို အနေတော်အရွယ်လှီးထားပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ခရမ်းသီးတွေကို ခဏလောက်ထည့်ကြော်ပါမယ်။

ကြက်သား – ၂၀၀ ဂရမ်ကို ကြိတ်ပြီး (သို့) စင်းကောလုပ်ပြီး ပန်းကန်ထဲထည့်ထားပါ။

ကြက်သွန်ဖြူ – ၄ တက်နဲ့ ငရုပ်သီး ၂ တောင့်လောက်ကို ရောပြီး ထောင်းပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးတောင့်ကို ထည့်ပါမယ်။

ခဏနေရင် ကြိတ်ထားတဲ့ ကြက်သားတွေကို ထည့်မွှေပေးပါ။

ကြက်သားနည်းနည်းရလောက်ပြီဆိုမှ လှီးထားတဲ့ ခရမ်းသီးတွေ ထည့်ပါမယ်။

ပထမဆုံးရောမွှေထားတဲ့ ပန်းကန်ထဲကဟာတွေကိုလည်း ထည့်မွှေပါမယ်။

ရလောက်ပြီဆိုရင် ပူစီနံကို လက်တစ်ဆုပ်စာလောက်ထည့်ပြီး ခဏမွှေနေပေးပါ။

အားလုံးပြီးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: www. pailin’skitchen