အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ထိုင်းဟင်းလျာလေးပဲဖြစ်ပါတယ်။ ထိုင်းစတိုင်လ် ပဲပြားကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား (သို့) ကြက်သား (သို့) အမဲသား (မိမိကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ (၅၀၀ မီလီလီတာခန့်)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် စပါးလင် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)

  • ပဲပြား ၄ တုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ (သို့) ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို တြိဂံပုံသဏ္ဍာန် တုံးထားပြီးနောက် ဆားဖြင့် နယ်ထားလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ အသားနှင့် စပါးလင်ကိုတော့ နုပ်နုပ်စဉ်းထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ပဲပြားများကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူပေါ်တွင် တင်ထားပေးလိုက်ပါ။

၃။ ဒယ်အိုးထဲတွင် ဆီအနည်းငယ် ချန်ထားကာ ပိုလျှံနေသောဆီများကို ခပ်ထုပ်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်နီ၊ စပါးလင်နှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်လိုက်ပါ။ ပြီးရင်တော့ အသားထည့်ကာ ကြော်ပေးလိုက်ပါ။

၄။ အသားက ကျက်သွားပြီဆိုရင်တော့ ရေအနည်းငယ်ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရေခမ်းသွားပါက ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ နောက်ဆုံးအဆင့်အနေနဲ့ ပဲပြားကြော်များကို ဒယ်အိုးထဲထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အသား ပဲပြားရောကြော်လေး ရရှိသွားပါပြီ။

Source: Huangkitchen.com