Macaroni (Pasta) ကြိုက်တဲ့သူတွေအတွက် ထိုင်းစတိုင်လ်နဲ့ အရသာရှိရှိလေးလုပ်စားလို့ရအောင် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ Macaroni (Pasta) လုပ်စားချင်နေပေမယ့် စားကောင်းအောင် ဘယ်လိုသေချာလုပ်ရမလဲဆိုတာကို မသိတဲ့သူတွေအတွက်လည်း အသုံးဝင်မယ့် နည်းလမ်းကောင်းလေးဖြစ်မှာပါ။

ပထမဆုံးအနေနဲ့ ပန်းကန်လုံး (သို့) ခွက်ထဲကို ketchup ဆော့စ် – စားပွဲတင်ဇွန်း ၃ ဇွန်း၊ Chili ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင်မွှေလိုက်ပါ။

Pasta – ၂၂၅ ဂရမ်ကို နူးသွားအောင် ပြုတ်ထားပေးပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပုစွန်ထည့်ကြော်ပေးပါ။ ခဏပဲမွှေပေးရင်ရပါတယ်။ ပြီးရင်တော့ ပန်းကန်ထဲခူးထုတ်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ထောပတ်အရည်ပျော်ပြီဆိုရင် လှီးထားတဲ့ကြက်သွန်နီနဲ့ လှီးထားတဲ့ မုန်လာဥနီတွေ ထည့်ကြော်ပေးပါ။ ကိုယ်အဆင်ပြေသလောက်ပဲကြော်ပါ။
နည်းနည်းနူးပြီဆိုရင် ကြက်ဥ – ၃ လုံးထည့်ပြီး သမအောင်မွှေလိုက်ပါ။

နူးပြီဆိုရင်တော့ ပြုတ်ထားတဲ့ Pasta တွေထည့်ပြီး ပထမဆုံးလုပ်ထားတဲ့ ရောမွှေထားတဲ့ ဆော့စ်တွေထည့်ပါမယ်။ ပြီးတာနဲ့ သမအောင်မွှေပေးပါ။

နောက်ဆုံးမှာတော့ ခရမ်းချဉ်သီးတွေကို လှီးပြီးထည့်ပါမယ်။ ကြက်သွန်မြိတ်ကြိုက်ရင် လှီးထည့်ပါ။ ပြီးရင် ကြော်ထားတဲ့ ပုစွန်တွေထည့်ပါ။ သေချာသမအောင်မွှေပြီး ခဏကြော်ပေးပါ။

အားလုံးပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်တဲ့ ထိုင်းစတိုင်လ် Macaroni (Pasta) ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen