ပါဝင်ပစ္စည်းများ

ပုဇွန်ခြောက် – ၃ ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်ဖြူ – ၈ မွှာခန့်၊ ငရုပ်သီးစိမ်း – ၁၀ တောင့်
မျှင်ငါးပိ – ၁ ဇွန်းခန့် (ထမင်းစားဇွန်း)၊ ထန်းလျက် – ၁ ဇွန်း (ထမင်းစားဇွန်း)
ငံပြာရည် – ၁ ဇွန်း၊ ခရမ်းခစော့သီး – လက်တစ်ဆုပ်ခန့်
ပလာတူးငါး အကြွတ်ကြော်၊ ဆူးပုပ်ရွက် နှင့် ကြက်ဥကြော်၊ အသီးအရွက်များ

ပြုလုပ်နည်း

ပုဇွန်ခြောက် ထမင်းစားဇွန်း ၃ ဇွန့်ကို ရေစင်အောင်ဆေးပြီး ငရုပ်ဆုံထဲထည့်ထောင်းပါ။ ကြက်သွန်ဖြူ ၈ မွှာခန့်၊ ငရုပ်သီးစိမ်း ၁၀ တောင့်၊ မျှင်ငါပိ ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို မီးဖုတ်ပြီး ရောထောင်းပါ။

ထန်းလျက် ထမင်းစားဇွန်း ၁ ဇွန်း ၊ ငံပြာရည် ၁ ဇွန်း ၊ခရမ်းခစော့သီး အညှာခြွေပြီးသား လက်တစ်ဆုပ်ခန့် ထည့်ထောင်းပြီး သံပုရာသီး ၂ လုံးခန့်အရည်ညှစ် ထည့်ပြီး စားသုံးနိုင်ပါပြီ။

တွဲဖက် စားမဲ့အရာတွေကတော့ ပုံထဲကအတိုင်းပါဘဲ ပလာတူးငါး အကြွတ်ကြော်၊ ဆူးပုပ်ရွက် နှင့် ကြက်ဥကြော်၊ အခြား မိမိနှစ်သက်ရာ မည်သည့် အသီးအရွက်များ နှင့်မဆို တွဲဖက်ပြီး စားနိုင်ပါတယ်။

Credit: Thida Lay Lay