(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော် ကြော်နည်းအမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ပုစွန်နဲ့ ကြက်ဥရောကြော်ရမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ပုစွန် ၆ ေကာင္ (အခွံချွတ်ပြီး ရေစင်အောင် ဆေးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
  • ဟင်းသီးဟင်းရွက်ဆီ ၁၇၇ မီလီလီတာႏွင့္ တရုတ်နံနံ တစ်ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ ဖောက်ထည့်ပြီးနောက် ငါးငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်း။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သကြား စားပွဲတင်ဇွန်း တစ်ဇွန်းတို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ ထို့နောက် ထိုကြက်ဥပန်းကန်ထဲသို့ ပုစွန်များထည့်ပြီး သမအောင် ထပ်မွှေပေးရပါမယ်။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်ဥနှင့် ပုစွန်များကို ၄ မိနစ်၊ ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ကြက်ဥ မကျက်တကျက်အချိန်မှာ အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပုစွန်ကြက်ဥကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ၾကက္ဥေၾကာ္ ေၾကာ္နည္းအမ်ိဳးမ်ိဳးရွိတဲ့အနက္ ဒီတစ္ခါမွာေတာ့ ထိုင္းစတိုင္လ္ ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ပုစြန္နဲ႔ ၾကက္ဥေရာေၾကာ္ရမွာပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ဥ ၄ လံုး
  • ပုစြန္ ၆ ေကာင္ (အခြံခြ်တ္ၿပီး ေရစင္ေအာင္ ေဆးထားပါ)
  • ငါးငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ငရုတ္ေကာင္းမႈန္႔ႏွင့္ သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္းစီ
  • ဟင္းသီးဟင္းရြက္ဆီ ၁၇၇ မီလီလီတာႏွင့္ တရုတ္နံနံ တစ္ပင္ (ပါးပါးလွီးထားပါ)

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပန္းကန္လံုးတစ္လံုးထဲမွာ ၾကက္ဥ ေဖာက္ထည့္ၿပီးေနာက္ ငါးငံျပာရည္ စားပြဲတင္ဇြန္းတစ္ဇြန္း။ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ သၾကား စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ထည့္ကာ သမေအာင္ ေမႊခေလာက္လိုက္ပါ။

၂။ ထို႔ေနာက္ ထိုၾကက္ဥပန္းကန္ထဲသို႔ ပုစြန္မ်ားထည့္ၿပီး သမေအာင္ ထပ္ေမႊေပးရပါမယ္။

၃။ ဒယ္အိုးတစ္လံုးကို အပူေပးၿပီး ဆီထည့္ကာ ဆီပူလာပါက ၾကက္ဥႏွင့္ ပုစြန္မ်ားကို ၄ မိနစ္၊ ၅ မိနစ္ခန္႔ ထည့္ေၾကာ္ေပးလိုက္ပါ။

၄။ ၾကက္ဥ မက်က္တက်က္အခ်ိန္မွာ အျခားတစ္ဖက္သို႔ လွန္ေပးလိုက္ပါ။ ေနာက္ထပ္ ၂ မိနစ္၊ ၃ မိနစ္ခန္႔ ေၾကာ္ၿပီးသြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ ထိုင္းစတိုင္လ္ ပုစြန္ၾကက္ဥေၾကာ္ေလး ရရွိသြားပါၿပီ။

Source: Asianfoodchannel.com