Seafood Lovers များအတွက် ဒီဟင်းလျာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ တခါတလေ အသားတွေကိုညည်းငွေ့လို့ နောက်တစ်မျိုးဘယ်လိုပြောင်းချက်ရမလဲမသိဘူးဆိုရင် ဒီဟင်းလျာလေးကို သတိရလိုက်ပါနော်။ အရသာလည်းအလွန်ရှိပြီး အချိန်လည်းသိပ်မပေးရလို့ အလွန်အဆင်ပြေမှာပါ။
ပါဝင်ပစ္စည်းများ
- ယိုးဒယား ပဲကြာဇံ အထုပ်သေးရဲ့ တစ်ဝက် (ရေနွေးဆူဆူမှာ၄မိနစ်ခန့်ပြုတ်ပြီးဆယ်ယူထားပါ)
- ကင်းမွန် – ၃ ကောင်
- ပုစွန်သေးလျင် – ၅ ကောင်/ ကြီးလျှင် ၂ကောင်
- ငါးမြင်းအသား – ၅ ကျပ်သား (ပါးပါးလှီး) (သေချာ သန့်စင်ပြီး အနေတော် လှီးဖြတ်၍ ဆားအနည်းငယ် ၊ရှာလကာရ
- ည် အနည်းငယ်ဖြင့် ဆူအောင် တည်ထားသော ရေမှာ ၃မိနစ်ခန့် ပြုတ်ပြီး ဆယ်ယူထားပါ ။)
- ကြက်သွန်နီ ဥကြီး – ၁ လုံး (slice လှီးထားပါ ။)
- ခရမ်းချဉ်သီး -၂ လုံး (slice လှီးထားပါ ။)
- ကြက်သွန်ဖြူ – ၂ မွှာ (slice လှီးထားပါ ။)
- ရှမ်းနံနံ ၊ ကြက်သွန်မြိတ် (လက်တစ်ဆစ်ခန့် အနေ ဖြတ်ထားပါ ။ )
- စပါးလင် – ၁ခု နုတဲ့ အပိုင်း (ပါးပါး စောင်းစောင်း လှီးထားပါ ။)
ပါဝင်ပစ္စည်းများ (Sauce အတွက်)
- ငရုတ်သီးစိမ်း – ၂၀ တောင့် (အစပ်စားနိုင်သလောက်)
- နံနံပင် – ၃စည်း (အမြစ် နှင့် အရိုး)
- ဂျင်း – ၃ လွှာ ( အားလုံးကို ညက်အောင် ထောင်းထားပြီး ပုဂံလုံး တစ်ခုထဲ ထည့်ထားပါ။)
- ယိုးဒယား ကြက်ဖဆော့စ် – ၁၁/၂ ဟင်းစားဇွန်း
- ငါးငံပြာရည် – ၂ ၁/၂ (ဟင်းစားဇွန်း)
- သံပုရာရည် – ၃ (ဟင်းစားဇွန်း) ကိုထောင်းထားသည်များနှင့် ရော၍ သမအောင် မွှေပေးပါ ။အပေါ့ငံ စိတ်ကြိုက် ပြင်ပါ ။
ပြုလုပ်နည်း
အားလုံး အဆင်သင့် ဖြစ်လျှင် ဇလုံ တစ်ခုထဲသို့ ပြုတ်ထားသော ကြာဇံ ၊ ပင်လယ်စာများ လှီးဖြတ် ထားသည်များကို ဆော့စ်ရည်နှင့် သမအောင် မွှေပေးပြီး အပေါ့ငံစိတ်ကြိုက် ပြင်ဆင်ကာ စားလို့ ရပါပြီ။
Credit: Soe Cooking Collection