(Zawgyi)

ဝက္သားသုပ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားက အခ်ဥ္ရည္သံုးၿပီးသုပ္ၾကတာမ်ားပါတယ္။ ဒါေပမယ့္ အခုေျပာျပေပးမယ့္ ထိုင္းစတိုင္လ္ဝက္သားသုပ္မွာေတာ့ အခ်ဥ္ရည္ကိုမသံုးပဲသုပ္မွာပါ။ ခ်ဥ္ခ်ဥ္စပ္စပ္ေလးနဲ႔ စားေနက်အရသာေတြထဲက ကဲြထြက္သြားၿပီး ပိုစားေကာင္းသြားမွာျဖစ္လို႔ ဘယ္လိုသုပ္ရမလဲဆိုတာကို အဆံုးထိေလ့လာၾကည့္လိုက္ေနာ္။ ပါဝင္ပစၥည္းနည္းနည္းနဲ႔ လုပ္ရတာ အရမ္းလြယ္ကူပါတယ္။

ဝက္သားသုပ္ဖို႔ ပန္းကန္လံုးအႀကီးထဲကို သံပုရာရည္ – စားပဲြတင္ဇြန္း ၂ ဇြန္းနဲ႔ ငံျပာရည္ – စားပဲြတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ပ်ားရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ ငရုပ္ဆီ – စားပဲြတင္ဇြန္း ၂ ဇြန္းစာထည့္ၿပီး ေမႊေပးပါ။ ငရုပ္သီးစိမ္း ၃ ေတာင့္ကိုလည္း ပါးပါးေလးေတြလွီးၿပီး ထည့္ေမႊပါ။

လွီးထားတဲ့ဝက္သား တစ္ပန္းကန္စာကိုထည့္ၿပီး နယ္ေပးပါ။ ၾကက္သြန္ၿမိတ္ – ၂ ပင္ကိုလည္း ပါးပါးေလးေတြလွီးၿပီး ထည့္ေပးပါ။ နံနံပင္ – ၃ ပင္ကိုလည္း ပါးပါးလွီးထည့္ပါ။ လွီးထားတဲ့ၾကက္သြန္နီ – ၂ လံုးနဲ႔ လွီးထားတဲ့ ခရမ္းခ်ဥ္သီးေတြကိုလည္း ထည့္ၿပီးနယ္ေပးပါ။

သမေအာင္ေသခ်ာနယ္ၿပီးရင္ေတာ့ ပန္းကန္ထဲေျပာင္းထည့္ၿပီး စားသံုးႏိုင္ပါၿပီ။ သတိထားရမွာက ငရုပ္သီးေတြပါတဲ့အတြက္ လက္နဲ႔မနယ္ပဲ ဇြန္း (သို႔) တစ္ခုခုနဲ႔ နယ္ေပးပါ။ ဒါဆိုရင္ေတာ့ ထိုင္စတိုင္လ္ ဝက္သားသုပ္ ခ်ဥ္ခ်ဥ္စပ္စပ္ေလးကို ရရွိသြြားပါၿပီ။

Photo Source: www.pailin’skitchen.com

(Unicode)

ဝက်သားသုပ်ဆိုရင် တော်တော်များများက အချဉ်ရည်သုံးပြီးသုပ်ကြတာများပါတယ်။ ဒါပေမယ့် အခုပြောပြပေးမယ့် ထိုင်းစတိုင်လ်ဝက်သားသုပ်မှာတော့ အချဉ်ရည်ကိုမသုံးပဲသုပ်မှာပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားနေကျအရသာတွေထဲက ကွဲထွက်သွားပြီး ပိုစားကောင်းသွားမှာဖြစ်လို့ ဘယ်လိုသုပ်ရမလဲဆိုတာကို အဆုံးထိလေ့လာကြည့်လိုက်နော်။ ပါဝင်ပစ္စည်းနည်းနည်းနဲ့ လုပ်ရတာ အရမ်းလွယ်ကူပါတယ်။

ဝက်သားသုပ်ဖို့ ပန်းကန်လုံးအကြီးထဲကို သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ငရုပ်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး မွှေပေးပါ။ ငရုပ်သီးစိမ်း ၃ တောင့်ကိုလည်း ပါးပါးလေးတွေလှီးပြီး ထည့်မွှေပါ။

လှီးထားတဲ့ဝက်သား တစ်ပန်းကန်စာကိုထည့်ပြီး နယ်ပေးပါ။ ကြက်သွန်မြိတ် – ၂ ပင်ကိုလည်း ပါးပါးလေးတွေလှီးပြီး ထည့်ပေးပါ။ နံနံပင် – ၃ ပင်ကိုလည်း ပါးပါးလှီးထည့်ပါ။ လှီးထားတဲ့ကြက်သွန်နီ – ၂ လုံးနဲ့ လှီးထားတဲ့ ခရမ်းချဉ်သီးတွေကိုလည်း ထည့်ပြီးနယ်ပေးပါ။

သမအောင်သေချာနယ်ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး စားသုံးနိုင်ပါပြီ။ သတိထားရမှာက ငရုပ်သီးတွေပါတဲ့အတွက် လက်နဲ့မနယ်ပဲ ဇွန်း (သို့) တစ်ခုခုနဲ့ နယ်ပေးပါ။ ဒါဆိုရင်တော့ ထိုင်စတိုင်လ် ဝက်သားသုပ် ချဉ်ချဉ်စပ်စပ်လေးကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitchen.com