ပါဝင်ပစ္စည်းများ

အုန်းနို့ – 500 ml
နို့မှုန့် – 250 g နှင့်သကြား – 100 g
ကော်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
ကျောက်ကျောမှုန့် – ၁ဇွန်း နှင့်အုန်းသီးနု – ၁လုံး
ဆား လက်ဖက်ဇွန်း – ၁ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အုန်းနို့၊ နို့မှုန့်၊ သကြား၊ ဆား တို့ကို မီးဖိုပေါ်တင်ပြီး မီးဖြည်းဖြည်းနဲ့ ကျိုပါ။ အုန်းနို့ရည် ပွက်ရုံလေး ဆူလာပြီး ကျောက်ကျောမှုန့်နဲ့ ကော်မှုန့်ကို ရေအနည်းငယ် ဖျော်ပြီး ထည့်ပါ။

အရည်ပျစ်လာပြီ ဆိုလျှင် မီးပိတ် အအေးခံ ထားကာ ဗူးထဲထည့်ပြီး၊ ရေခဲသေတ္တာရဲ့ ခဲတဲ့အထပ်မှာ ထည့်ပြီး ၃နာရီခန့်ထားပါ။ အချိန်ပြည့်ပါက ထုတ်ယူ၍ ဖျော်ရည် ကြိတ်စက်ဖြင့် နည်းနည်းခြင်းစီ ထည့်ကြိတ်ပါ။

ကြိတ်ပြီးပါက အုန်းသီးနုနုများ ခြစ်ထည့်ကာ နံ့အောင်ရောမွှေပါ။ အုန်းသီးဖတ် မကြိုက်ပါက ရောကြိတ်နိုင်ပါတယ်။ ရေခဲသေတ္တာထဲ ၆နာရီခန့် ခဲတဲ့ထိ ထား၍ မြေပဲလှော်နဲ့ ကျောက်ဖရုံယို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit: Thida Lay Lay