ပါဝင်ပစ္စည်းများ
- မြန်မာနံနံပင်
- ရှာလကာရည်
- ကြက်ဟင်းခါးသီး
- ငရုပ်သီးစိမ်း
- ကြက်သွန်ဖြူ
- ပုစွန်
- သံပုရာသီး
- ရှာလကာရည်
- သကြား
- ငံပြာရည်
ပြင်ဆင်ပြုလုပ်နည်း
၁။ ပုဇွန်ကိုကြောခွဲ ဆေးကြော သန့်စင်ကာ ရှာလကာရည် အနည်းငယ်ဖြင့် ညှီနံ့ပျောက်အောင် ဆေးထားပါ။
၂။ ကြက်ဟင်းခါးသီး ခပ်ပါးပါးလှီးပြီး ပန်းကန်ပြားထဲ စီထည့်ထားကာ အပေါ်ကပုဇွန်စီထည့်ပါ။
၃။ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ မြန်မာနံနံပင် ညှက်ညှက်စင်းပြီး သကြား၊ ငံပြာရည်၊ သံပုရာရည်ညှစ်ကာ ရောဖျော်ပြီး ပုဇွန်ပေါ်သို့ လောင်းထည့်ကာ သုံးဆောင်နိုင်ပါပြီ။
၄။ ကြက်ဟင်းခါးသီးက ထည့်လဲရသလို မထည့်လဲရပါတယ်။ Thai လူမျိုးတွေကတော့ ပုဇွန်အစိမ်းသုပ်တိုင်း ကြက်ဟင်းခါးသီးကိ အောက်မှာ မခံထားရင်တောင် ဘေးမှာအလှဆင်ပြီး တွဲဖက်စားကြပါတယ်။ ဆေးဘက်လဲဝင်လို့ပါ။ (မှတ်ချက် – လပ်ဆပ်သောပုဇွန်ဖြစ်ဖို့လိုအပ်ပါတယ်။ မလပ်ဆပ်ပါက ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။)
Additional Info
Credit: Thida lay lay