ပါဝင်ပစ္စည်းများ

အရိုးမပါသောငါး – တစ်ဆယ်သား

ပုဇွန်ခြောက် – ၂ဇွန်း စားပွဲဇွန်း

ကြက်သွန်ဖြူ – ၃မြောင်း

ကြက်သွန်နီ ဥသေး – ၁လုံး

ငရုပ်သီးစိမ်း – ၁၀တောင့်

ပုဇွန်ငါးပိ – ၂ဇွန်း

ထန်းလျက် – ၂လုံး

ငံပြာရည် – ၂ဇွန်း

သံပုရာသီး – ၂ လုံး

ပြင်ဆင်ပြုလုပ်နည်း

ငါးအသားကို ပြုတ်ထားပါ။ ပုဇွန်ခြောက် ရေစိမ် ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို ငရုပ်ဆုံတွင် ထည့်ထောင်းပါ။

ကြေညက်ပါကပုဇွန်ခြောက် နှင့် ထန်းလျက် ထည့်ထောင်းပါ။ ထန်းလျက်ရည် သုံးလိုပါက နောက်ဆုံးမှ ထည့်ပါ။

ပြုတ်ပြီးသား ငါးကိုထည့်ထောင်းပါ။

ငါးပိထည့်ပါ။ အစိမ်းထည့် နိုင်ပါတယ်။ မီးကင်လိုပါက ကင်ပါ။

အားလုံး ကြေညက်ပါက ငံပြာရည် နှင့် သံပုရာရည်ထည့်ပြီး သမအောင် မွေပေးပါ။ အရသာ၊ အပေါ့ အငံ မြည်းကာ နှစ်သက်ရာ သီးနှံ တို့စရာများဖြင့် တွဲဖက်ပြီး တည်ခင်း သုံးဆောင် နိုင်ပါပြီ။

Credit: Sofia Food Paradise