အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာအကောင်းဆုံးနဲ့ လျှာလည်သွားစေမယ့် ကြက်သားမီးဖုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • လိမ္မော်သီး ၁ လုံးနှင့် သံပုယိုသီး ၂ လုံး (အရည်ညှစ်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် သံလွင်ဆီ၊ လိမ္မော်ရည်၊ သံပုယိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြက်သားတုံးများကို ထိုပန်းကန်လုံးထဲထည့်ပြီးနောက် သမအောင် နယ်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ ၁ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

ကြက်ရင်အုံသားများကို လင်ဗန်းထဲထည့်ပါ။

၄။ ကြက်သားတုံးများပေါ်သို့ စောစောက နှပ်ထားသော အရည်အနည်းငယ် ဆမ်းထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်လိုက်ပါ။

၅။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၄၅ မိနစ်မှ ၅၅ မိနစ်ခန့် ထည့်ဖုတ်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး ၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားမီးဖုတ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thenovicechefblog.com