ကြက်တောင်ပံကြော်ကိုမှ BBQ Chicken Wings ဆိုရင်တော့ ပိုပြီးကြိုက်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အိမ်မှာ မိသားစုနဲ့ လုပ်စားရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စားသောက်ကြတဲ့အခါမှာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ အရသာရှိရှိလေးလုပ်စားလို့ရအောင် BBQ Chicken Wings လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စလုပ်ဖို့အတွက် ကြက်တောင်ပံ – ၁/၂ ကီလိုဂရမ်ကို ပန်းကန်လုံးထဲထည့်ပါ။ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့်အမဲ – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ထောင်းထားတဲ့ ဂျင်းနဲ့ကြက်သွန် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ပြီး သမအောင်နယ်ပါ။

ဂျုံမှုန့် – ခွက်တစ်ခွက်စာနဲ့ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းစာ၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့်အမဲ – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဟင်းခတ်အမွှေးအကြိုင်အမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာတို့ကို ပန်းကန်လုံးအကြီးထဲထည့်ပြီး သမအောင်မွှေပါ။

အားလုံးပြီးရင် နယ်ထားတဲ့ ကြက်တောင်ပံတွေကို ထည့်ပြီး သမအောင်နယ်ပါ။ ပြီးတာနဲ့ ဆီအိုးထဲကို ဆီများများထည့်ပြီး ကြော်ပါ။

ဒယ်အိုးတင်ပြီး မီးကိုအရှိန်နည်းနည်းပဲထားထားပါ။ ပြီးတာနဲ့ ဒယ်အိုးထဲကို BBQ ဆော့စ် – ခွက်တစ်ခွက်စာ၊ ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ Chili ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကိုထည့်ပြီး ၃ မိနစ်လောက် မွှေနေပေးပါ။

ရပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်ပါ။ ပြီးတာနဲ့ ကြော်ထားတဲ့ကြက်တောင်ပံတွေကို ထည့်ပြီး သမအောင်နယ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ BBQ Chicken Wings ကိုရရှိသွားပါပြီ။

Source: www.spicebangla